BBC navigation

ဝန်ကြီးတချို့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြု

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 17:05 GMT

လျှပ်စစ် (၁)ဝန်ကြီးအဖြစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဦးဇော်မင်း သွားရောက်ခဲ့စဉ်က

မြန်မာနိုင်ငံ အစိုးရ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်၊ လျှပ်စစ် ( ၁ ) ဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ကို ရာထူးကနေ နှုတ်ထွက်ခွင့် ပေးကြောင်း နိုင်ငံတော် သမ္မတရုံး ကနေ အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လျှပ်စစ်( ၁ ) ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းဟာ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ချက်စကားတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒုတိယ ဝန်ကြီး ဦးစိုးဝင်းကိုတော့ သာသနာရေး ဒုတိယ ဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

ပြည်ထောင်စု ဝန်ကြီးတွေကို ရာထူးပြောင်းလဲ ခန့်အပ်ကြောင်း တနင်္လာနေ့က ထုတ်ဖေါ် ကြေညာခဲ့ရာမှာ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ကို တခြား ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း တို့နဲ့အတူ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သလို ယခင် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပြီး သူ့နေရာကို အရင် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် ကို အစားထိုး ခန့်အပ် လိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။