BBC navigation

အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့တယ်လို့ အမျိုးသားလွှတ်တော် ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 16:51 GMT

လွှတ်တော်ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်မဟုတ်ဘူးလို့ အခြေခံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး က ဆုံးဖြတ်ခဲ့တာဟာ တာဝန်မရှိဘဲ လုပ်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် က စွပ်စွဲ ပြစ်တင်လိုက် ပါတယ်။

အမျိုးသား လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ ဒီစွပ်စွဲ ပြစ်တင်ချက်ကို ပြည်သူ့လွှတ်တော်ကို ပြန်ပို့ဖို့ ရှိပြီး ပြည်သူ့လွှတ်တော်မှာ ၃ ပုံ ၂ ပုံ က ထောက်ခံ အတည်ပြုပေးလိုက်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး တဖွဲ့လုံး ပြုတ်သွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ဆုံးဖြတ်ခဲ့တာဟာ တာဝန်မရှိဘဲ လုပ်ခဲ့တာ ဖြစ်တာကြောင့် စွပ်စွဲပြစ်တင်ဖို့ အဆိုကို မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ အမျိုးသား လွှတ်တော်အမတ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုကို တပ်မတော်သား လွှတ်တော်အမတ် ၆ ဦးအပါအဝင် လွှတ်တော်အမတ် စုစုပေါင်း ၁၆ ဦး ဆွေးနွေးပြီးတဲ့နောက် အမတ် ၁၆၃ဦး ရဲ့ထောက်ခံမဲနဲ့ အနိုင်ရခဲ့တာပါ။

ဒီအဆိုကို ကန့်ကွက်တဲ့ သူတွေကတော့ တပ်မတော်သားအမတ်တွေဖြစ်တယ်လို့ အမတ်တွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။