BBC navigation

ဆရာဝန်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 18:17 GMT

နေပြည်တော်မှာ လက်ထောက် ဆရာဝန် ၁၅၀ဝ ရွေးချယ်မယ်

လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရာမှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ရွေးချယ်မည့် အစား ကျန်းမာရေး ဝန်ကြီးဌာနက တိုက်ရိုက် ရွေးချယ်ပေးဖို့ ဆရာဝန် ၈၀ ကျော်က သမ္မတနဲ့ ဝန်ကြီးဌာန ၆ ခုဆီ လက်မှတ်ရေးထိုး စာရေးသား တောင်းဆို လိုက်ပါတယ်။

လာမယ့် စက်တင်ဘာ ၁ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် လက်ထောက် ဆရာဝန် ၁၅၀ဝ ရွေးချယ်မယ့် ရေးဖြေ နှုတ်ဖြေ စာမေးပွဲမှာ အလုပ် မရှိသေးတဲ့ ဆရာဝန်ပေါင်း ၃ထောင် ကျော် ဟာ ဝင်ရောက် ဖြေဆိုကြမှာ ဖြစ်ပါတယ်။

ဒီစာမေးပွဲမှာ ဆရာဝန် ကျင့်ဝတ်နဲ့ မဆိုင်တဲ့ မေးခွန်းတွေ ထည့်သွင်း ထားတာ အပြင် ကျန်းမာရေး ဦးစီးဌာနက လူရွေးမှာ မဟုတ်ဘဲ ဆရာဝန် မဟုတ်တဲ့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့က ဦးစီး ရွေးချယ်တာကြောင့် မကျေနပ်တဲ့ ဆရာဝန် ၈၀ ကျော်က သမ္မတ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန ၆ ခုကို စာရေးသား တိုင်ကြားလိုက်ကြတာ ဖြစ်ပါတယ်။

မဆလ လက်ထက်မှာ ရှိခဲ့ဖူးတဲ့ ဝန်ထမ်း ရွေးချယ်ရေး ပုံစံမျိုး အခုလည်း စာမေးပွဲမှာ ဆရာဝန်နဲ့ မသက်ဆိုင်တဲ့ မေးခွန်းတွေကို ထည့်သွင်းထားတယ်လို့ စာရေးသား တိုင်းကြားတဲ့ အထဲမှာပါတဲ့ ဆရာဝန် တဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။