BBC navigation

ချင်း အစိုးရ ဂျပန်အကူတောင်း

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 02:21 GMT
rice

ချင်းပြည်နယ် ဝမ်းစာ ဖူလုံရေး အရေးကြီး

ချင်းပြည်နယ် ဖွံ့ဖြိုးရေး စိုက်ပျိုး မွေးမြူရေးနဲ့ ဘိန်းအစားထိုး သီးနှံ ကိစ္စတွေ အတွက် ပြည်နယ် အစိုးရက JICA ဂျပန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီနဲ့ ပြည်ထောင်စု အစိုးရကို အကူအညီ တောင်းမယ်လို့ ဆိုပါတယ်။

သစ်တော စိုက်ခင်း နဲ့ ဝမ်းစာ စပါး ဖူလုံရေး အတွက် အကူအညီ တောင်းတာလို့ ပြည်နယ် စိုက်ပျိုး မွေးမြူရေး ဝန်ကြီး ဦးဘန်ထောင်းက ဆိုပါတယ်။

ဝင်ငွေရ သီးနှံဖြစ်တဲ့ ဝဥ စိုက်ပျိုးရေး နဲ့ ကျွန်းသစ်တွေ စိုက်သွားမယ် လို့လဲ ပြောပါတယ်။

ဒီငွေကို ဆိုင်းငံ့ ၁ဝ နှစ်နဲ့ နှစ် ၃ဝ အတွင်း ပြန်ဆပ်တဲ့ နှစ်ရှည် ချေးယူမှု သဘော ချေးတာ ဖြစ်ပါတယ်။

ဒီအကူအညီနဲ့ လယ်သမား တွေကို ပြန်လည် ထုတ်ချေးမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။