BBC navigation

စာချွန်တော် ဥပဒေ နည်းဥပဒေတွေ ရေးဆွဲမယ်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 03:07 GMT
high court

တရား လွှတ်တော် ချုပ်က တရားရုံး တွေကို အမိန့်ပေးနိုင်

တရား လွှတ်တော်ချုပ် က စာချွန်တော် ထုတ်ပြန်ရာ မှာ ကျင့်သုံးဖို့ ဥပဒေနဲ့ နည်းဥပဒေ ရေးဆွဲဖို့ ပြည်သူ့ လွှတ်တော်က သောကြာနေ့ မှာ အတည်ပြုပေးလိုက်ပါတယ်။

တရားစီရင်ရေး မှာ အမြင့်ဆုံး အာဏာ ရှိတဲ့ တရား လွှတ်တော်ချုပ်က အောက်ခြေ တရားရုံးတွေ အပါအဝင် သက်ဆိုင်သူ တွေကို အမိန့်ပေး နိုင်ပါတယ်။

အဲ့ဒီလို အမိန့် ပေးစာကို ဥပဒေ အရ စာချွန်တော်လို့ ခေါ်ပါတယ်။

ရှေ့တော်သွင်း စာချွန်တော်၊ တားမြစ်စေ စာချွန်တော်၊ အမှုခေါ် စာချွန်တော်၊ အာဏာပိုင်မေး စာချွန်တော်၊ အာဏာပေး စာချွန်တော် ဆိုပြီး စာချွန်တော် အားလုံး ၅ မျိုးရှိတယ်။

အထူးသဖြင့် အောက်ခြေ တရားရုံးတွေက လုပ်ဆောင်မှုတွေ တရားဥပဒေနဲ့ မညီဘူးလို့ သက်သေ အထောက်အထား ခိုင်လုံရင် စာချွန်တော် ထုတ်ပေးဖို့ အမှုသည် တွေက ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို လျှောက်ထားခွင့် ရှိပါတယ်။

ပြည်ထောင်စု တရား လွှတ်တော်ချုပ်က စာချွန်တော် ထုတ်ပြန်ပေးဖို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေက တာဝန်ပေးထားပါတယ်။

ဒါပေမယ့်လည်း တရားမျှမျှတတနဲ့ စနစ်တကျလုပ်ဆောင်နိုင်ဖို့က စာချွန်တော် ဥပဒေနဲ့ နည်းဥပဒေတွေ မရှိသေးဘူး ဖြစ်နေပါတယ်။

အောက်ခြေ တရားရုံးတွေက ဆုံးဖြတ်ချက်တွေ တရားမျှတမှု မရှိဘူး ဆိုတဲ့ တိုင်စာတွေ ထောင်နဲ့ချီပြီး ပြည်သူ့လွှတ်တော်ကို ရောက်လာတဲ့ အတွက် အခုလို စာချွန်တော် ဥပဒေနဲ့ နည်းဥပဒေ ရေးဆွဲဖို့ ဖြစ်လာတာလို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။