BBC navigation

မြန်မာပြည် ခရီးသွားနေရာ တချို့ ပိတ်ပင်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 00:39 GMT
Rakhine Myaukoo

ရခိုင်ပြည်နယ် မြောက်ဦးက စေတီပုထိုးတစ်ဆူ

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှု ကြောင့် ကမ္ဘာလှည့် ခရီးသွား ဒီနှစ် များလာနိုင်တယ် ခန့်မှန်း ကြချိန်မှာ တစ်ဘက် မှာလည်း မအေးချမ်းတဲ့ နေရာတွေမှာ သွားလာခွင့် တွေကို အာဏာပိုင် တွေက ပိတ်လိုက်ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ သွားလေ့ရှိတဲ့ ရခိုင် ပြည်နယ်က စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ နဲ့ မဟာမုနိ တို့အပြင် ရှမ်းပြည်နယ် မိုင်းလား စတဲ့ ၅ နေရာ သွားလာခွင့်ကို သြဂုတ်လ ၃၀ရက်က တားမြစ် လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မှာတော့ ဇွန်လအတွင်းမှာ အဓိကရုဏ်းတွေ မဖြစ်ခင်ထိ တရက်ကို ကမ္ဘာလှည့်ခရီးသွား ၂ဝဝ လောက် လာရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်လောက် အတွင်း မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု အထိုက် အလျောက် ရှိလာတဲ့အတွက် ခရီးသွား တွေလည်း တဖြည်းဖြည်း ပိုများလာတယ်လို့ သိရပါတယ်။

အခုလို တားမြစ်လိုက်တဲ့အတွက် ခရီးသွား ဦးရေ တိုးနှုန်း ကျသွားနိုင်ပေမယ့် အရင်ထက်တော့ ခရီးသွားဦးရေ ဆက်များနေဦးမယ်လို့ ခန့်မှန်းကြောင်း ဦးတင်ထွန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။