BBC navigation

၈၈မျိုးဆက် စေတနာဝသန် ဂီတ ရန်ပုံငွေ ပွဲ

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 15:53 GMT
၈၈မျိုးဆက်

ဂီတဖြေဖျော်ပွဲ နဲ့ ကျောင်းသား လူငယ် တွေရဲ့ ကဗျာ ရွတ်ပွဲ

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ အတွက် ရန်ပုံငွေ ရှာပွဲကို ဂီတအသိုင်းအဝိုင်း က စေတနာနဲ့ ပါဝင် ခဲ့ကြပြီး ပရိသတ် ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ရန်ကုန် မင်းဓမ္မလမ်း က MCC ခန်းမ မှာ စနေနေ့ နေလည် ပိုင်း ကနေ ည အထိ ကျင်းပခဲ့တဲ့ စေတနာ ဝသန် ဂီတ ဖြေဖျော်ပွဲ ကို တက်ရောက်လာကြတဲ့ ပရိဿတ်တွေ ထဲမှာ သမ္မတ ရုံး ဝန်ကြီး ၂ ဉီးလည်း ပါ၀င်သလို နိုင်ငံရေး အင်အားစု တွေ ထဲ က ထင်ရှားသူတွေ လည်း တက်ရောက် လာတာ တွေ့ရပါတယ်။

ဒီ ရန်ပုံငွေ ပွဲမှာ လာရောက် သီဆိုပေးခဲ့တဲ့ အနုပညာရှင် တဉီး ဖြစ်တဲ့ အဆိုတော် ချောစုခင် က ဂီတ မောင်နှမ တွေ စုစည်းပြီး ပေါင်းလုပ် ကြတဲ့ ဒီပွဲ ကို ပျော်ရွှင် တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

၈၈မျိုးဆက်

ဂျေညီညီ ရဲ့ ဖြေဖျော်မှု တင်ဆက်စဉ်

တေးဂီတ ဖြေဖျော်ပွဲ နဲ့အတူ ကျောင်းသား လူငယ် ၅၀ တလှည့်စီ ရွတ်သွားကြတဲ့ ကဗျာရွတ်ပွဲနဲ့ အတူ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို တို ပန်းချီ လက်ရာ တွေ နဲ့ ချယ်မှုန်းထားတဲ့ ဂစ်တာ တလက် ကို စျေးပြိုင် လေလံတင် မယ့် အစီအစဉ် လည်း ပါဝင်ပါတယ်။

စေတနာ ဝသန် တေးဂီတ ဖြေဖျော်ပွဲ ကို SkyNet တီဗွီ လိုင်း က တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး အဲသလို ရိုက်ကူးထုတ်လွှင့် ခွင့်ပေးတဲ့ အတွက် သိန်း ၅၀၀ ကို ရန်ပုံငွေ အဖြစ် ပေးအပ် ပါတယ်။

အခု ပွဲ က ရရှိတဲ့ ရန်ပုံငွေ ထဲ က ငွေ တချို့ ကို ကချင် ဒေသ က စစ်ပွဲကြောင့် ဒုက္ခ ရောက်နေကြသူတွေ၊ ရခိုင် ဒေသ က ဒုက္ခရောက် နေကြသူတွေ ကို ကူညီ သွားမယ် လို့ လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။