BBC navigation

ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ရေဘေးသင့် သူတွေဆီ သွားရောက်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 16:51 GMT

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သင့်သူတွေကို သွား ကူညီ

အရေးပေါ် ကျန်းမာရေး အကူအညီ ရန်ပုံငွေ ပေးခဲ့ပြီး ရေရှည် အတွက် ရေလွှမ်းမိုးမှု ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးသွားဖို့လည်း စီစဉ်ခဲ့။

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အပတ်တွေက ရေလွှမ်းတဲ့ဒဏ်ကို ရက်ရှည် ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ပုသိမ် ဒေသခံတွေကို အားပေး ကူညီဖို့ စနေနေ့ မနက်မှာ ပုသိမ်မြို့ကို သွားရောက်ခဲ့ပါတယ်။

ပုသိမ်မြို့ ရပ်ကွက်တခုမှာ ရှိနေတဲ့ တာတမံဟာ နိမ့်တဲ့ အတွက် မိုးရွာရင် ရေလျှံမှုတွေ ဖြစ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ရေးဘေးသင့် ပြည်သူတွေနဲ့ ရပ်မိရပ်ဖ တွေက တင်ပြ ခဲ့ကြတယ်လို့ ပုသိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် ကော်မရှင်ဥက္ကဌ ဦးသီဟက ပြောပါတယ်။

အဲဒီကိစ္စကို သူတို့ အဖွဲ့က အင်ဂျင်နီယာ တွေနဲ့ တိုင်ပင်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စုပေါင်း ညှိနှိုင်း ဆောင်ရွက်ပေး မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကိုလည်း ဒီကိစ္စ အတွက် တာဝန်ယူ လုပ်ဆောင်ပေးဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ကျန်းမာရေး အတွက် အများပြည်သူ အရေးပေါ် သုံးနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က တရပ်ကွက်ကို ၁၀ သိန်းစီ ရန်ပုံငွေ မတည် လှူဒါန်းခဲ့ပါတယ်။ ဒေသခံ ရေးဘေးသင့်သူ တွေ ခြင်ထောင် ရရှိဖို့ကိုလည်း အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ပြောဆိုသွား ပါတယ်။

အခုအချိန်မှာတော့ ရေးဘေးသင့် ဒုက္ခသည်တွေဟာ ဒုက္ခသည် စခန်းတွေ ဆီကနေ ကိုယ့်အိမ် ကိုယ့်ယာကို ပြန်နေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။