BBC navigation

မန္တလေး သံဃာတော်တွေ သမ္မတကို ထောက်ခံ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 12:21 GMT

မန္တလေးမြို့မှာ မစိုးရိမ် စာသင်တိုက်က ဦးဝီရသူ ဦးဆောင်ပြီး သံဃာအရေ အတွက် ထောင်ချီပါဝင်တဲ့ ဆန္ဒ ထုတ်ဖော်မှု တခု ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ ပြုလုပ်ခဲ့ ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး သူတို့ဟာ တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တယ်၊ ဒုက္ခသည် စခန်းထဲ ထားပြီး ကုလသမဂ္ဂ အနေနဲ့ စောင့်ရှောက်ထား နိုင်တယ်၊ တတိယနိုင်ငံ တွေက ခေါ်မယ်ဆို ခေါ်နိုင်ပါတယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးကို ပြောဆိုခဲ့တဲ့ အချက်တွေ အပေါ် ထောက်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတရဲ့ ရပ်တည်ချက်ကို ဘယ်နိုင်ငံရေး ပါတီကမှ ထောက်ခံတာမျိုး မလုပ်တဲ့အတွက်၊ သံဃာတော်တွေက လုပ်ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး အခုလို သံဃာတော်တွေ စုရုံးမှုဟာ ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာက ဦးရေ ၁၀၀ သာ ခွင့်ပြုခဲ့ပေမယ့် တကယ်တမ်းမှာ ထောင်သောင်းချီ ပါဝင် ဆန္ဒပြခဲ့ကာ အေးအေး ဆေးဆေးနဲ့ပဲ ပြီးဆုံး သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။