BBC navigation

လူ့ဘောင်သစ်ဥက္ကဌ ရဲ့ မြန်မာ့ခရီးစဉ်

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 01:04 GMT
14_bbc_amz304

ဦးအောင်မိုးဇော် ကို ရန်ကုန်လေဆိပ်မှာကြို

ရှစ်လေးလုံး ဒီမိုကရေစီ အရေးအခင်း က ပေါက်ဖွားလာခဲ့ပြီး အခု ထိုင်းနိုင်ငံ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဥက္ကဌ ဦးအောင်မိုးဇော် ဟာ မနေ့ က ရန်ကုန်မြို့ ကို ရောက်လာပါတယ်။ ဒီရက်ပိုင်း အတွင်း မှာ တခြား ကျောင်းသား ခေါင်းဆောင်ဟောင်း တွေ လည်း ခေတ္တ ပြန်ရောက်လာကြပါတယ်။

ဒီခရီးစဉ်ဟာ သုံးပတ်ပဲ ကြာမြင့် မှာ ဖြစ်တဲ့ အတွက် အစိုးရ ပိုင်းနဲ့ တွေ့တဲ့ အခါမှာ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ တရားဝင် ပါဝင်ခွင့် ရရှိရေး ဆွေးနွေးမယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။ လူ့ဘောင်သစ် ပါတီဝင်တွေ၊ နိုင်ငံရေး ပုဂ္ဂိုလ် တွေနဲ့လည်း တွေ့ဆုံပြီး သူတို့ရဲ့ သဘောထား ကောက်ချက်တွေလည်း နားထောင်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အရင်က လှုပ်ရှားခဲ့တဲ့ ပါတီ အနေနဲ့ ဒီခေတ် ဒီအခါမှာ ပြန်လည် လှုပ်ရှားရေး အပိုင်းမှာ တော့ ပြည်တွင်း၊ ပြည်ပ၊ တော်လှန်ရေးနယ်မြေ မှာပဲ လှုပ်ရှားပေမယ့် အခက်အခဲ နဲ့ စိမ်ခေါ်မှု ဆိုတာ ရှိစမြဲမို့ ပါတီဝင် ရဲဘော်တွေ အနေ နဲ့ လူ့ဘောင်သစ် စိတ်ဓါတ် ရှိဆဲ တွေ့ရပုံ၊ အဲဒီ့ အတွက် အနိမ့်ဆုံး အဆင့် အနေနဲ့ တါဝန်ခံရဲ တဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ တည်ဆောက် မယ် ဆိုတဲ့ ခံယူချက် ရှိပုံ၊ ဒါကြောင့်မို့ အခက်အခဲ တွေ ကို ရင်ဆိုင်နိုင်မယ် လို့ ယုံကြည်ပုံ တွေ ကို ဘီဘီစီ ကို ဦးအောင်မိုးဇော် က ရှင်းပြပါတယ်။

မမျှော်လင့်ပဲ ပြည်တွင်းခရီးစဉ် ခွင့်ပြုချက် ရလာတဲ့ အတွက်၊ ပြည်သူတွေ ရဲ့ သဘောထား ကို ခန့်မှန်းလို့ ရအောင် ပြင်ဆင်ထားမှု ရယ်လို့ မရှိပေမယ့်၊ ပါတီ ဆက်လက်ရပ်တည်ရေး အပိုင်းမှာတော့ အင်အားတွေ ရှိတယ်လို့ ယုံကြည်ထားပုံ ပြောပြပါတယ်။

အခု ခရီးစဉ် အတွင်းမှာ အစိုးရ အရာရှိပိုင်း၊ ရှစ်လေးလုံး ခေါင်းဆောင်ပိုင်း တွေ အပြင်၊ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ ပါ တွေ့ဖို့ အစီအစဉ် ရှိပုံ ကိုလည်း ဘီဘီစီ ကို ဦးအောင်မိုးဇော် က ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။