BBC navigation

တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သင်္ဘော တိမ်းမှောက်

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 16:17 GMT
Mekong River

နှစ်နိုင်ငံ နယ်စပ် မဲခေါင်မြစ် ထဲမှာ လှေ သင်္ဘော သွားလာမှု များပြား

တရုတ် မြန်မာ နယ်စပ် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် အနီး မဲခေါင်မြစ် ထဲမှာ တနင်္ဂနွေနေ့ နေ့လယ်က မြန်မာ သင်္ဘော တစ်စီး တိမ်းမှောက် သွားခဲ့ ပြီးတဲ့နောက် တရုတ် ရွာသား တွေက ကူညီ ကယ်ဆယ် ရေးတွေ စတင် ဆောင်ရွက် နေ တယ်လို့ တရုတ် နိုင်ငံ ဆင်ဟွာ သတင်း ဌာနက ပြောပါတယ်။

တရုတ် ရွာသား တွေက လောလောဆယ် မြန်မာ နိုင်ငံသား ၈ ယောက် ကို ကယ်ဆယ် ထားပြီး ဖြစ်တယ်လို့ တရုတ် ဒေသခံ အာဏာပိုင် တွေက ပြောပါတယ်။

မြန်မာ နိုင်ငံ မုန်းလားဒေသ ကွမ်းလေ ကျေးရွာက ကျောင်းသူ ကျောင်းသားတွေ အများဆုံး ပါဝင်တဲ့ လူပေါင်း ၂၅ ယောက်ကို တင်ဆောင် လာတဲ့ သင်္ဘောဟာ တရုတ် နိုင်ငံ ယူနန် ပြည်နယ် စစ်ဆောင် ပန်းနား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ မြန်မာ နိုင်ငံ မုန်းလား ဒေသကြားမှာ ရှိတဲ့ မြစ်ထဲမှာ တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။