BBC navigation

ပင်လယ်ကိုးသွယ်ကို လယ်သမား တရားစွဲ

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 02:08 GMT
farmer

လယ်သမား အကျိုးစီးပွား အတွက် ဆန္ဒထွက်ပြ

လိမ်လည်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု စတာတွေနဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီကို လယ်သမား တွေက တောင်ဒဂုံ တရားရုံးမှာ တရားစွဲမှာ ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ် အကုန်က အာဏာပိုင် တွေဆီက ဖိအားပေးပြီး အကျိုးတူ ပူးတွဲ လုပ်မယ်ဆိုလို့ စာချုပ် စာတမ်း မရှိဘဲ လယ်တွေ ပေးခဲ့ကြရတယ်လို့ လယ်သမား ရှေ့နေ ဦးဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။

သိမ်းယူစဉ်က လယ်သမား တွေကို လုပ်ခ ပေးမယ်၊ လယ်ပြင်ပြီး ကွက်ကျဉ်းက ကွက်ကျယ် စိုက်နိုင်အောင် စီစဉ်မယ်၊ မျိုးစပါး၊ မြေသြဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစု တွေ ကုမ္ပဏီက ထုတ်ပေးပြီး ရတဲ့ အမြတ်ကို လယ်သမား တွေကို ၄ဝ ရာခိုင်နှုန်း ခွဲပေးမယ် လို့ နှုတ်ကတိ ခံခဲ့ပါတယ်။

လက်တွေ့မှာတော့ အဲဒိ ကတိတွေ မတည်ခဲ့ဘူးလို့ ဦးဖိုးဖြူက ဆိုပါတယ်။

တောင်သူ လယ်သမားရဲ့ လယ်ထွန်ခွင့်ကို မထိပါးရ ဆိုတဲ့ ၁၉၆၃ ဥပဒေ ကို သုံးပြီး ပစ္စည်း ခုခံ ကာကွယ်ပိုင်ခွင့် အရ လယ်သမားတွေ ကိုယ့်လယ်ကိုယ် ပြန်ထွန် ခဲ့ကြပေမယ့်လဲ အာဏာပိုင် တွေက အင်အားသုံးပြီး လယ်တွေ သီးနှံတွေကို ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လယ်သမား တွေက လိမ်လည်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု၊ ပိုင်နက် ကျူးလွန်မှု တွေနဲ့ ကုမ္ပဏီကို စွဲဆိုမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။