BBC navigation

ကွမ်းစားဆေးကြောင့် ကင်ဆာဖြစ်နိုင်

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 01:59 GMT
betel

မြန်မာနဲ့ အာရှ နိုင်ငံတချို့မှာ ကွမ်းစားမှု များပြား

မြန်မာ နိုင်ငံကို အိန္ဒိယ က ဝင်နေတဲ့ ကွမ်းစား ဆေးနဲ့ ကွမ်းသီး အခြောက်မှုန့် စတာတွေမှာ ခံတွင်း နဲ့ ကိုယ်တွင်း အင်္ဂါ တွေမှာ ကင်ဆာ ရောဂါ ဖြစ်ပွားစေတဲ့ ဓာတ်ပစ္စည်းတွေ ပါနေတယ်လို့ သိရပါတယ်။

ဂေါ်ရခါး လို့ ခေါ်တဲ့ ကွမ်းစားဆေးမှာ ကွမ်းသီးနဲ့ ဆေးအပြင် အတိအကျ မသိရတဲ့ ပစ္စည်း ၁၃ ရာခိုင်နှုန်း ပါလို့ မကြာခင်က ဓာတ်ခွဲ စစ်ဆေးရာမှာ ခရိုမီယမ်၊ နစ်ကယ်နဲ့ အာဆင်းနစ် ဒြပ်စင်တွေ ပါနေတာ တွေ့ရပြီး ဒီပစ္စည်းတွေက ကင်ဆာ ရောဂါ ဖြစ်ပွားစေပါတယ်။

ဒီဆေးတွေကို ပြည်နယ်တွေမှာ ပိတ်ပင် နေပြီး မကြာခင်မှာ အိန္ဒိယ တနိုင်ငံလုံးမှာ ပိတ်ပင်မယ်လို့ နယူးဒေလီက ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

ဓာတ်ပစ္စည်းတွေ အပြင် ကွမ်းနဲ့ ဆေးရွက်ကြီး ကိုယ်နှိုက်က လူကို ဥပါဒ် ဖြစ်စေတာမို့ ၂ဝဝ၈ ခုနှစ်က အိန္ဒိယ နိုင်ငံမှာ ခံတွင်း ကင်ဆာ ဖြစ်ပွားသူ ခုနစ်သောင်း ရှိပါတယ်။

ကမ္ဘာ့ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း လောက် ကွမ်းစား ကြတယ်လို့ ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။