BBC navigation

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးခရီးစဉ်

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 01:22 GMT
_bbc_mgwuntha

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ

ကနေ့ မနက် က စပြီး ရခိုင် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နေရာတွေ ကို စုံစမ်းရေး အဖွဲ့ ပထမဆုံး အကြိမ် သွားတဲ့ အခါ နေရာ နှံ့အောင်ကြည့်ပြီး မေးသင့်တဲ့ မေးခွန်းတွေ မေးမယ့် အကြောင်း စာရေးဆရာ၊ သတင်းစာ ဆရာ မောင်ဝံသ က ဘီဘီစီ ကို ပြောပါတယ်။

ခရီးစဉ် အတွင်း တွေ့ခဲ့တဲ့ အတွေ့အကြုံ၊ ထင်မြင်ချက်၊ အကြောင်းအရာ အထွေထွေ ကို မှတ်တမ်း တင်လာယင်း နောက်ပိုင်းမှာ သုံးသပ်ချက်၊ ထောက်ခံချက် ပေးရာမှာ အသုံးပြုမယ့် အကြောင်းတွေ ရှင်းပြပါတယ်။

ခရီးသွားရာမှာလည်း တွေ့ဆုံ မေးမြန်းတဲ့ သူတွေ ကို ရွေးချယ်ရာမှာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဆိုတာထက် ပြီးခဲ့တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်လို့ အမှန်တကယ် သိရှိ ပြောနိုင်သူ ကို ရှာဖွေပြီး မေးမယ့် အကြောင်း၊ လုပ်ငန်းကော်မတီ ဖွဲ့ပြီးလည်း သက်ဆိုင်ရာ ကော်မတီ က စုစည်းမယ့် အကြောင်း၊ ဖြေကြားတဲ့ သူတွေ ကိုလည်း ရဲရဲဝံ့ဝံ့ ဖြေနိုင်အောင် အကျိုးအကြောင်း ရှင်းပြယင်း၊ လွတ်လပ်တဲ့ ကော်မရှင် အနေနဲ့ ဘယ်သူ့ကိုမှ တိုင်မှာ မဟုတ်သလို ဖြေသူတွေ ရဲ့ နောက်ဆက်တွဲ အန္တရာယ် ပါ မရှိစေရေး အတွက် အာမခံချက် ပေးမယ့် အကြောင်း တွေ ဆရာ မောင်ဝံသ က ဘီဘီစီ ကို ပြောပါတယ်။

နောက်ဆက်တွဲ အနေနဲ့ လည်း၊ သုတေသန အဖွဲ့တွေ သင်တန်း ပေးထားသလို၊ အတွေ့အကြုံ ရှိပြီး အဖွဲ့ဝင် ငါးဆယ် ဟာ ရခိုင်ပြည်နယ်ဖက် ကွင်းဆင်း လေ့လာယင်း၊ စုံစမ်းရေး ကော်မရှင် ရဲ့ လေ့လာ တွေ့ရှိချက်တွေ နဲ့ ပါ၊ ပေါင်းစပ် ပြီး သုံးသပ်ချက်တွေ၊ ထောက်ခံတင်ပြချက်တွေ ဆက်လက် ဆောင်ရွက်မယ့် အကြောင်း တွေ ကို ဆရာ မောင်ဝံသ က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။