BBC navigation

ဥပဒေစိုးမိုးရေး ကော်မတီနဲ့ ပညာရှင်တွေ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 16:17 GMT

ယိမ်းယိုင် ပျက်ဆီးနေတဲ့ တရားရေး မဏ္ဍိုင်ကြီးကို ပြန်လည် တည့်မတ်ဖို့ နည်းလမ်းတွေရှာ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်း ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ အဖွဲ့ဟာ ရန်ကုန်တိုင်း အတွင်းက ဥပဒေ ပညာရှင် တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် အဆောက် အဦးမှာ စနေနေ့က တွေ့ဆုံခဲ့ကြ ပါတယ်။

မြန်မာနိုင်ငံမှာ ယိမ်းယိုင် ပျက်ဆီးနေတဲ့ တရားရေး မဏ္ဍိုင်ကြီးကို ပြန်လည် တည့်မတ်ဖို့ နည်းလမ်းတွေ ဘယ်လို ရှာကြမလဲဆိုတာ ဆွေးနွေး ခဲ့ကြတယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း ဥပဒေ ၃၉၆ ခုစလုံးဟာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ သက်ဆိုင်နေကြောင်း၊ ဒီအတွက် ဥပေဒ စိုးမိုးရေး ကိစ္စနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာ ရပ်ခံကာ တာဝန် ပေးအပ်ခဲ့ တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ဥပဒေဆိုတာ ပြည်သူကို ကာကွယ်နိုင်ဖို့ ဖြစ်ကြောင်းနဲ့ ကော်မတီ စတင်ဖွဲ့စည်းပြီး ကတည်းက လုပ်ဆောင်ခဲ့တာ တွေကို ရှင်းလင်း ပြောကြားခဲ့ ပါတယ်။

အခုအချိန်မှာတော့ ဥပဒေ ပညာရှင်တွေဆီ ကနေ သင်ကြားမှုတွေ ပြုလုပ်နေကြောင်း၊ မကြာခင် တရားရုံးတွေဆီကို သွားရောက်ပြီး ဥပဒေဘွဲ့ရ တွေရဲ့ အကူအညီတွေနဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

လောလောဆယ်မှာတော့ ကော်မတီကို ပို့လာတဲ့ တိုင်စာတွေကို လက်ခံရရှိကြောင်း ပို့လာ သူတွေကို အကြောင်း ပြန်ကြားတယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေး ရဖို့ကလည်း အရေးကြီးကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။