BBC navigation

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 11:54 GMT

မြန်မာ နိုင်ငံမှာ လယ်သိမ်းခံရတဲ့ ပြဿနာဟာ ကြီးထွားလာနေပါတယ်

မုံရွာ တဘက်ကမ်း ဆားလင်းကြီး မြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လယ်ဧကပေါင်း ၇ ထောင်ကျော်ကို တန်ရာ တန်ကြေး မပေးပဲ သိမ်းယူခဲ့တယ် ဆိုပြီး လယ်သမားတွေက ဆက်လက် ဆန္ဒပြနေကြ ပါတယ်။

မြန်မာ့ စီးပွားရေးဦးပိုင်နဲ့ တရုတ် အမျိုးသားပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ ပူပေါင်း လုပ်ပိုင်ခွင့် ရထားတဲ့ ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ လယ်သိမ်းခံထားရတဲ့ ရွာပေါင်း ၂၆ ရွာက လယ်သမားတွေက တောင်းဆို နေကြပါတယ်။

တနင်္လာနေ့ မနက် ၉နာရီလောက်မှာ မုံရွာ အနောက်ဘက်ကမ်း လက်ပံတောင်းတောင် ပတ်ဝန်းကျင်က လယ်ယာမြေ ဆုံးရှုံးတဲ့ ဒေသခံ တောင်သူ ၁၂ဦးဟာ မုံရွာမြို့က ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပွဲ လုပ်နေတုန်း ဒေသခံ အာဏာပိုင်တွေက ဘုရားဝန်း တံခါးကို ပိတ်ထားခဲ့ပါတယ်။

နောက်ပိုင်းမှာ တံခါး ပြန်ဖွင့်ပေးခဲ့လို့ ပြန်ထွက်လာရာမှာ ဒေသခံ ရဲတွေက တားဆီးမှုတွေ လုပ်ခဲ့ တာကြာင့် အချေအတင် စကားများပြီး ဝတ်ပြုဆုတောင်းသူ ၁၂ယောက် အဖမ်းခံ လိုက်ရပါတယ်။

အဲဒီနောက်မှာတော့ အဖမ်းခံထားတဲ့ ၁၂ ယောက်ကို ပြန်လွှတ်ပေးဖို့ မုံရွာမှာ ရှိတဲ့ ကျောင်းသား အဖွဲ့တွေ၊ နိုင်ငံရေး လူမူရေး အဖွဲ့တွေက ရဲစခန်းရှေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒပြသူတွေနဲ့ ပူးပေါင်းဖို့ လာတဲ့ လက်ပံတောင်း ဒေသခံတွေကို မုံရွာ တဘက်ကမ်း ညောင်ပင်ကြီး ကူးတို့ဆိပ်မှာ အာဏာပိုင်တွေက တားဆီး ထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။