BBC navigation

NDAK နဲ့ အစိုးရရဲ့ နယ်ခြားစောင့် စခန်းကို KIA သိမ်း

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 16:48 GMT

NDAK အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဦး စခုံတိန်ယိန်း တာဝန်ယူခဲ့

တရုတ်မြန်မာ နယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ NDAK ကချင် ဒီမိုကရေစီ သစ် တပ်မတော်နဲ့ အစိုးရတပ်တွေ ပူးပေါင်း ဖွဲ့ထားတဲ့ နယ်ခြားစောင့် စစ်စခန်း တခုကို KIA ကချင်ပြည် လွတ်လပ်ရေးတပ်မတော်က တနင်္ဂနွေနေ့ မနက်က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။

ကချင်သတင်းဌာနရဲ့ ပြောကြားချက်အရ တရုတ်မြန်မာ နယ်စပ် နယ်ခြား မှတ်တိုင် အမှတ်၅မှာ ရှိတဲ့ အဲဒီစခန်းမှာ လူအင်အား ၃၀ ကျော် ဝန်းကျင်လောက် ရှိနေကြောင်း၊ စခန်းတခုလုံး ကျသွားတဲ့အတွက် သေဆုံးသူ အရေအတွက် များပြီး အသက်ရှင်သူ တချို့ကိုလည်း KIA က ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ဒီစခန်းဟာ NDAKနဲ့ အစိုးရ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁၀၀၃ရဲ့ ရှေ့တန်းစခန်းဖြစ်တယ်လို့ ဆိုပါတယ်။

NDAK နဲ့ အစိုးရတို့ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၃ ရဲ့ရှေ့ တန်း စခန်းကို KIAက ဘာကြောင့် အခုလို စခန်းသိမ်း တိုက်ခိုက်ရသလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။