BBC navigation

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်ဆင်ရေး

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 01:34 GMT
_burborder

နယ်စပ်ဒေသ စစ်ဆင်ရေး

ဘင်္ဂလားဒေ့ရှ် နိုင်ငံ နဲ့ မြန်မာနိုင်ငံ နယ်စပ် ရှိ ခရိုင်တချို့မှာ လွန်ခဲ့တဲ့ ၅ ရက်ခန့် က စပြီး ဂျာမားတူး အာရကန် ဘာသာရေးအစွန်းရောက် အဖွဲ့ ကို ဘင်္ဂလာ ရဲအဖွဲ့က စစ်ဆင်ရေး တရပ် ပြုလုပ်နေပါတယ်။ လူပေါင်း ၅၄ ယောက် ကို ဖမ်းဆီးမိ ခဲ့ပါတယ်။

မြန်မာနယ်စပ် အနီးက ဘင်္ဂလာ ကော့စ်ဘဇား နဲ့ ဘင်ဒရိုဘင် ခရိုင် တွေမှာ ဘင်္ဂလာ ရဲ အဖွဲ့က စစ်ဆင်ရေး ပြုလုပ်ရာမှာ ဘင်္ဂလားဒေ့ရှ် ဘက်က မတရားသင်း လို့ သတ်မှတ် ထားတဲ့ အစွန်းရောက် ဂျီအမ်းဘီ နဲ့ ဂျာမားတူး အာရကန် တို့ အဆက်အစပ် ရှိကြောင်း ဂျာမားတူး အာရကန် ဘာသာရေးအစွန်းရောက် အဖွဲ့ဝင် လေးယောက် က အဖမ်းခံ အပြီးမှာ ထွက်ဆိုကြပါတယ်။

အဖမ်းခံရသူ ၅၄ ယောက်ထဲမှာလည်း ပြန်မာနိုင်ငံ က မူစလင်ရိုဟင်ဂျာ တွေ ပါဝင်ကြောင်း၊ ကော့စ်ဘဇားမြို့ နားက ဒူနီယာချောရွာ က ဖြစ်ကြောင်း အကြမ်းဖက် သမားတွေ ခိုအောင်းတဲ့ စခန်းတွေ ကိုလည်း ရဲ က ဖမ်းဆီးမိကြောင်း ကော့စ်ဘဇားမြို့ က အကြီးတန်း သတင်းထောက် တယောက် က ဘီဘီစီ ကိုပြောပါတယ်။

ရဲ၊ စစ်တပ် နဲ့ သတင်းထောက်တွေ အပါအဝင် လူအုပ်စု ဟာ စစ်တကောင်း တောင်တန်းနယ်၊ အလယ်ခွာမြို့ ကနေ ၁၃ မိုင်ဝေးတဲ့ တောနက်ထဲမှာ စစ်သွေးကြွတွေ ခိုအောင်း နေတဲ့ စခန်းတွေ ကိုပါ စီးနင်းခဲ့ပုံ မြင်ရကြောင်း၊ ဒါပေမယ့် ထွက်ပြေးသူတွေ ကိုတော့ ဖမ်းဆီးရမိခြင်း မရှိကြောင်း အကြီးတန်း သတင်းထောက် က ရှင်းပြပါတယ်။

အထက်ပါ စစ်ဆင်ရေး ကို ရဲအဖွဲ့က ဆက်လက် လုပ်ကိုင်နေသေးတဲ့ အတွက် မြန်မာနိုင်ငံက တရားမဝင် ခိုးဝင်လာသူတွေ လည်း နယ်စပ်မှာ ပိုမို ဖမ်းဆီးမိဘွယ်ရှိကြောင်း နယ်စပ် က လေ့လာ အကဲခတ်တွေ ကလည်း ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။