BBC navigation

၈၈ မျိုးဆက် ရဲ့ ငြိမ်းချမ်းရေး မူဝါဒ

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 23:19 GMT
_bbc_kma_

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦ:ဖြစ်တဲ့ ကိုမြအေးဟာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဒယ်နီယယ် နဲ့ အင်္ဂါနေ့ က လွိုင်ကော်မြို့ မှာ တွေ့ဆုံခဲ့ပါတယ်။

အရင် ကလည်း ကိုမြအေးဟာ ကချင်နဲ့ ကရင်ပြည်နယ် တွေ ကိုသွားပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ တွေ့ခဲ့ပါတယ်။

အခုလို လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ခရီး လှည့်လည် တွေ့ဆုံတဲ့ အချက်က ၈၈ မျိုးဆက် ကျောင်းသားများ အနေနဲ့ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဆိုတဲ့ မူဝါဒ အရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာ မှာ တဖက်က အားနဲ့ ဖိပြီး ရယူတဲ့ ငြိမ်းချမ်းရေးမျိုး မလိုလားကြောင်း ကိုမြအေး က ဘီဘီစီ ကို ပြောပါတယ်။

ဒါကြောင့်မို့ ၈၈ မျိုးဆက် အနေနဲ့ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေ သွားရောက်ယင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်နေပုံ ရှင်းပြပါတယ်။

အစိုးရ ဘက်ကလည်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ပြုနေပေမယ့် ၈၈ မျိုးဆက် ကျောင်းသားများ ရဲ့ လုပ်ငန်းစဉ် တွေ ဟာ လက်တွဲ လုပ်ကိုင်မှု မဟုတ်ပဲ သီးခြား လုပ်ရပ် လို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရ ရဲ့ မူဝါဒ ကို ထိပါးမှာ မဟုတ်သလို တထပ်တည်း ကျမှာ လည်း မဟုတ်ကြောင်း ကိုမြအေး က ဘီဘီစီ ကို ပြောပါတယ်။

ဥပမာ ကချင်ပြည်နယ် ဖြစ်ရပ်ဆိုရင် အားကြီးသူ နဲ့ အားနည်းသူ ရင်ဆိုင် ထိုးစစ်တွေ အပေါ်မှာ သဘောမတူ နိုင်ပုံလည်း ပြောပြပါတယ်။

ကရင်နီ ကို လာရခြင်း ကလည်း ငြိမ်းချမ်းရေး လို့ ဆိုနေပေမယ့် အပစ်အခတ် ရပ်စဲတဲ့ အဆင့်သာ ရှိတဲ့ အတွက် ဝန်ကြီးပြောသလို တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံ တရပ်ပေါ်ပေါက် စေလိုပုံ၊ ဒါမှသာ တိုင်းရင်းသား တွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ တန်းတူ အခွင့်အရေး စတာတွေ လက်တွေ့ ဖေါ်ဆောင် နိုင်ပုံ ကို ကိုမြအေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။