BBC navigation

ရိုဟင်ဂျာ အရေး ဗြိတိန် ပါလီမန် ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 03:13 GMT
rohingya

ဒုက္ခသည် စခန်းတွေမှာ အခက်အခဲ တွေ ကြုံနေ

ဘင်္ဂလား မြန်မာ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ လူ့အခွင့်အရေး ချိုးဖောက် ခံနေရ တာတွေကို ဗြိတိသျှ ပါလီမန်မှာ အင်္ဂါ နေ့က ဆွေးနွေး ခဲ့ပါတယ်။

မြန်မာ ရော ဘင်္ဂလား ဒေ့ရှ် အစိုးရ ဘက်ကိုပါ ဒုက္ခသည် တွေကို ကာကွယ် စောင့်ရှောက်ဖို့ ၊ ဒုက္ခသည် တွေ ပြန်မလွှတ်ဘဲ စောင့်ရှောက်ဖို့ တောင်းဆိုမယ်လို့ ဒီ ဆွေးနွေးပွဲက ဆုံးဖြတ်ပါတယ်။

ဒုက္ခသည် စခန်းတွေမှာ တွေ့ကြုံနေတဲ့ အခက်အခဲ တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရဆဲ ပြဿနာတွေကို ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

မြန်မာ ပြည် တာဝန်ခံ ပါလီမန် ကိုယ်စားလှယ် တွေနဲ့ ပါတီစုံက အောက်လွှတ်တော် အမတ်တွေ ဆွေးနွေး ခဲ့ကြတာပါ။

မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်ခ် မစ်ချဲလ်နဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဖ် ယွန်းတို့လဲ မကြာခင်က နယ်စပ်ကို သွားရောက် လေ့လာပြီး နှစ်ဘက်စလုံး ထိခိုက် နစ်နာမှုတွေ ကြောင့် လူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေ တကယ် စိုးရိမ်စရာ ကောင်းကြောင်း ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။