BBC navigation

KIA နဲ့ လွယ်ဂျယ်နား တိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 23:13 GMT

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ

စက်တင်ဘာ ၁၂ ရက်နေ့ မနက်က ကချင်ပြည်နယ် ဗန်းမော် လွယ်ဂျယ်လမ်း ပန်ရှန် ရွာနားမှာ ကေအိုင်အေနဲ့ အစိုးရတပ် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၃)တပ်ရင်း (၁) တပ်ဖွဲ့တွေနဲ့ ပန်ရှန်ရွာအနီး အခြေစိုက် စကခ (၂၁) လက်အောက်ခံ ခလရ (၂၃၇) တပ်တွေကြား တိုက်ပွဲမှာ ကေအိုင်အေ ပစ်တဲ့ အာပီဂျီ ကျည် အစိုးရ တပ်ရင်းမှူး အိမ် တိုက်ရိုက်ထိလို့ ထိခိုက် ဒဏ်ရာ ရသလို မိုးမောက် စိန်လုံက စစ်ကူလာတဲ့ အစိုးရ စစ်ကားကို မိုင်းခွဲ ဖျက်ဆီး ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

အစိုးရဘက်က စစ်တပ်ဖက်မှ အနည်းဆုံး (၂ဝ)ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဂဏန်း လောက်ရှိတယ် လို့ ကေအိုင်အေက ပြောပါတယ်။

ဗန်းမော် လွယ်ဂျယ်လမ်းပေါ် သွားနေတဲ့ ကုန်ကားတစီး မိုင်းထိခဲ့ပြီး ဆိုင်ကယ် ကယ်ရီ (၂)စီးလဲ ထိမှန်ကာ ဆိုင်ကယ်သမား(၂) ယောက် ဒဏ်ရာ ရပါတယ်။

ယာဉ်သွားလာမှု ရပ်ဆိုင်း ခဲ့ပေမယ့် ညနေ ပိုင်းကစပြီး လမ်း ပြန် ဖွင့်ပေး ခဲ့တာကြောင့် အခု ယာဉ်တွေ ခပ်ကျဲကျဲ ပြန်သွားနေပြီလို့ နောက်ဆုံး သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။