BBC navigation

ဌာနတချို့ နိုင်ငံခြား ငွေချေးမယ်

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 03:17 GMT
electric

စီမံကိန်း တွေ အပြီးသတ် နိုင်ဖို့ နိုင်ငံခြားက ချေး

နိုင်ငံတကာ ချေးငွေတွေ ရယူချင်ရင် ပွင့်လင်း မြင်သာ မှ တိုင်းပြည်မှာ အကျိုးရှိမယ်လို့ စီးပွားရေး အကဲခတ် တဦးက ဘီဘီစီကို ပြောကြား ပါတယ်။

စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း၊ လျှပ်စစ် စွမ်းအား၊ စွမ်းအင် စတဲ့ မြန်မာ အစိုးရ ဝန်ကြီးဌာန ၅ ခု က စီမံကိန်း တွေ အပြီးသတ် နိုင်ဖို့ တရုတ် အိန္ဒိယ ဂျပန် စတဲ့ နိုင်ငံ တွေက ကျပ်ဘီလျံ ၄၂၁,ဝဝ ချေးဖို့ စီစဉ် နေတာ ဖြစ်ပါတယ်။

ပမာဏ ဘယ်လောက် များစေကာမူ သုံးပုံ မဟုတ်ရင်တော့ တိုင်းပြည်မှာ အကြွေးတင်ပြီး ဝန်တက်မှာ ဖြစ်တယ်၊ ဒါကြောင့် ယူမယ် ဆိုရင် ပြန်ဆပ်ဖို့ အစီအစဉ် စနစ်တကျ ရှိသင့်တယ် လို့ စီးပွားရေး ပညာရှင် ဦးဟန်ထွန်း က ပြောပါတယ်။

အတိုးနှုန်း သက်သာတာ ရှာပြီး သုံးစွဲမယ့် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ တွေကို သေချာ တွက်ချက် သင့်ကြောင်းလဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။