BBC navigation

ဆန္ဒပြသူတွေ ပိုင်နက်ကျူးလွန်မှုနဲ့စွဲခံရ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 03:07 GMT
farmer

လယ်သိမ်း ခံရတာ ပြန်ရတဲ့ထိ တောင်းဆို မယ် (ဓာတ်ပုံ ဗကသ)

မုံရွာ ထောင်က ပြန်လွတ်လာတဲ့ လယ်မြေသိမ်း ဆန္ဒပြ အမျိုးသမီး တွေကို သာသနာကို ညှိုးနွမ်း စေမှု၊ ပိုင်နက် ကျူးလွန်မှု၊ သူများပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ညစ်ညမ်းစွာ ဆဲရေးမှု တွေနဲ့ စွဲဆို ခဲ့ပါတယ်။

သူတို့ အနေနဲ့ ဘယ်သူ့ ပိုင်နက်မှ ကျူးလွန်တာ မဟုတ်ဘူးလို့ ပြန်လွတ်လာတဲ့ မအေးနက် က ဘီဘီစီကို ပြော ပါတယ်။

မုံရွာ ရဲစခန်း အချုပ်ထဲမှာလဲ မိန်းကလေး တွေကို စခန်းမှူး အပါအဝင် ရဲသား တွေက ဆွဲထုတ် တာတွေ လုပ်တယ်လို့ လဲ သိရပါတယ်။

ဒီလို အကြမ်း ပတမ်း ပြုမူလို့ မိန်းကလေး တချို့ ထိခိုက် နာကျင်ကုန်ကြ ပါတယ်။

စွဲဆိုမှု တွေကို ရုပ်သိမ်း လိုက်ပေမယ့် တောင်းဆို ချက်တွေ ရတဲ့ အထိ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။