BBC navigation

မိုင်းလုပ်သားတွေကို ရာဘာကျည်ဆံနဲ့ ပစ်ခတ်

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 02:07 GMT
South Africa

ထွက်ပြေးလာတဲ့ ဆန္ဒပြသူများ

တောင်အာ ဖရိက နိုင်ငံမှာ ရက်ပေါင်း များစွာ ဆန္ဒပြနေ ကြတဲ့ ပလက်တီနမ် သတ္တုတွင်း အလုပ်သမား တွေရဲ့ ဆန္ဒပြ ပွဲဟာ ပိုမို ပြင်းထန် လာပြီး ဒီနေ့ မှာတော့ ရဲတပ် ဖွဲ့ကနေ မျက်ရည် ယိုဗုံးနဲ့ ရာဘာ ကျည်ဆံ အသုံးပြု ပစ်ခတ်ပြီး လူစုခွဲ ခဲ့ကြပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ တုန်းက ဆန္ဒပြ အလုပ်သမား ၃၄ ယောက်ကို ပစ်ခတ် သတ်ဖြတ်တာ ခံခဲ့ ရပြီးနောက်မှာ ဆန္ဒပြ ပွဲဟာ မပြီး ဆုံးနိုင်ပဲ ဆက်လက် ပြင်းထန် နေတာ ဖြစ်ပါတယ်။

မနေ့က မနက် အစောပိုင်း ဆန္ဒပြပွဲ ဖြစ်ပွား ခဲ့ရာ မှာတော့ စစ်တပ်က ဟယ်လီ ကော်ပတာ ပေါ်ကနေ မျက်ရည် ယိုဗုံးနဲ့ ရာဘာ ကျည်ဆံ တွေနဲ့ ပစ်ခတ် ခဲ့တာကြောင့် လူအများ အပြားဟာ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာရ ခဲ့ကြတယ် လို့ ဆိုပါတယ်။

တနေ့က သောကြာ နေ့မှာတော့ တောင်အာဖရိက အစိုးရ အဖွဲ့က တရားမဝင် လူစုဝေး တာကို သည်းခံမှာ မဟုတ်ဘဲ ဆန္ဒပြသူ တွေကိုလည်း လက်နက် ကိုင်ထား ကြတာကို လက်နက် ဖျက်သိမ်း နိုင်အောင် ဆောင်ရွက်မယ် လို့ ဆိုပါတယ်။

အဲဒီနောက် စနေ မနက် စောစော ပိုင်းလင်း အားကြီး အချိန်မှာ ရဲအင်အား ၅၀၀ ကျော်က အလုပ်သမား တန်းလျား တွေထဲ စီးနင်း ဝင်ရောက်ပြီး အလုပ်သမား တွေရဲ့ လုပ်ငန်း ခွင်သုံး ဒါးအပြား ကြီးတွေ ၊ ဓါးလှံတွေနဲ့ တခြား လက်နက် တွေကို ဝင်ရောက် ရှာဖွေ သိမ်းဆည်း ခဲ့ပါတယ်။

မီးရှို့ ထားတဲ့ မော်တော် ကားတာ ယာတွေနဲ့ အကာ အကွယ် ပြုထားတဲ့ အလုပ်သမား တန်းလျား တွေထဲကို ရဲက ဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လူ ၁၂ ယောက် ကိုလည်း ရဲက ဖမ်းဆီး သွာခဲ့တယ်လို့ ဆိုပါတယ်။ရဲအဖွဲ့ ကတော့ အဲဒီ ၁၂ ယောက်ကို ဖမ်းဆီးတာဟာ လက်နက် ကိုင်ဆောင်မှုနဲ့ ဖမ်းတာမဟုတ်ဘဲ တရားမဝင် မူးယစ် ဆေးသုံး စွဲလို့ ဖမ်းဆီးတာ လို့ဆိုပါတယ်။

အစိုးရက ရွှေနဲ့ ပလက် တီနမ် သတ္တုတွင်း လုပ်သား တွေရဲ့ ဥပဒေနဲ့ မညီတဲ့ ဆန္ ဒပြပွဲတွေကို ချေမှုန်းဖို့ သန္နိဌာန် ချထား တယ်လို့ ဆိုပါတယ်။

ဆန္ဒ ပြပွဲရဲ့ အဓိက တောင်းဆို ချက်က လုပ်ခ တိုးမြှင့်ရေး ဖြစ်ပါတယ်။ လုပ်ခကို တောင်အာဖရိက သုံးရမ်ဒ် ငွေ ၄၀၀၀ ကနေ ၁၂၅၀၀ အထိ သုံးဆ တိုးပေးဖို့ အလုပ် သမားတွေ ဘက်က တောင်းဆို နေကြ တာဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် လွန်နမင် ကုမ္ပဏီ ဘက်က လုပ်ခ ရန်ဒ် ၁၀၀၀ တိုးပေးဖို့ သောကြာ နေ့တုန်းက ကမ်းလှမ်း ပေမဲ့ အလုပ်သမား တွေဘက်က နည်းလွန်း တယ်ဆိုပြီး ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။