BBC navigation

နိုင်ငံရေး အကျဉ်းသား ၈၉ ယောက်သာ ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2012 - 17:13 GMT
Political prisoner released

နိုင်ငံရေး အကျဉ်းသား ၈၉ ယောက် ပဲ ပါတယ်လို့ NLD ဗဟိုကော်မတီ ဦးနိုင်းနိုင်းက ပြောပါတယ်

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး ကနေ ပြန်လွတ်လာတဲ့ အကျဉ်းသား ၅၁၄ ဦး ထဲမှာ နိုင်ငံရေး အကျဉ်းသား ၈၉ ယောက် ပဲ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေးကို တာဝန်ယူ လုပ်ဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင် ဦးနိုင်းနိုင်းက ပြောပါတယ်။

ပြန်လွတ်လာသူ အများစုက နိုင်ငံခြားသားတွေ ဖြစ်ပြီး၊ HRDB က ဦးမြင့်အေးကတော့ ပြန်မလွတ်လာ သေးဘူးလို့ သူက ပြောပါတယ်။ ဒီအတွက် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဆောင်ရွက် နေသူတွေက အားမလို အားမရ ဖြစ်နေကြပါတယ်။

မန္တလေး အိုးဘိုထောင်က အကျဉ်းသား ၄၇ ဦး ပြန်လွတ်လာတဲ့ အထဲမှာ သံဃာ ၂၂ ပါး ပါဝင် ပါတယ်။

ထောင်ထဲမှာ ၁ဝ နှစ် နီးပါး နေခဲ့ရတဲ့ မုံရွာ ဇောတိက ကျောင်းတိုက်က သံဃာ ဦးကေလာသ က ထောင်ထဲမှာ ၂ဝဝ၉ ခုနှစ် နောက်ပိုင်း နေရေး ထိုင်ရေး ပိုကောင်း လာကြောင်း ဘီဘီစီကို မိန့်ပါတယ်။

နောက်ပြီး အခုပြန်လွတ် လာသူတွေကို ခံဝန်ချုပ်နဲ့ လွှတ်ပေး လိုက်တာ ဖြစ်ပြီး၊ တကယ်ဆို ခြွင်းချက် မရှိ လွှတ်ပေး သင့်တယ်လို့ ဦးကေလာသက မိန့်ကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။