BBC navigation

Asia Society မှ Global Vision ဆု လက်ခံ

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 03:03 GMT
bbc_assk2_30

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

ဟီလာရီ ကလင်တန် က မြန်မာ အစိုးရရော အတိုက်အခံပါ ဆက်လက် ပူးပေါင်း လုပ်ကိုင်ရင်း နိုင်ငံ စည်းလုံးညီညွတ်အောင် အတိတ်က ဒဏ်ရာတွေ ကို ကုစားပြီး ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ Asia Society က ၂၀၁၁ အတွက် Global Vision ဆု ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်ပွဲမှာ ပြောပါတယ်။

အခွင့်ရရင် ရသလို နိုင်ငံကို မှားယွင်းတဲ့ဘက် ရောက်အောင် လုပ်မယ့် အင်အားစုတွေ ရှိနေသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကလည်း အသွင်ကူးပြောင်းရေး ကာလ ကိုပြောရာမှာ မြန်မာ့ သမိုင်းကြောင်း၊ NLD ရဲ့ လွှတ်တော်တွင်း မှ ပါဝင် လုပ်ဆောင်ဖို့ ဖြစ်လာရပုံတွေ ပြောသွားပါတယ်။

မြန်မာနဲ့ အမေရိကန် အပြန်အလှန် ဆက်ဆံရေးသစ် ကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာမှာ အလေးအနက် စဉ်းစားဖို့ လိုကြောင်း၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြောင်းလဲရေးဆီ စတင်နေပေမယ့် ဘယ်လောက်ရှေ့ဆက် သွားမလည်း၊ ဘယ်လောက် တည်တံ့ ခိုင်မြဲ မလဲ၊ ဘယ်လောက် စစ်မှန်သလဲ စတာတွေဟာ မေးစရာ မေးခွန်းတွေ အဖြစ် ကျန်နေသေးကြောင်း ပြောသွားပါတယ်။

အဖြေမရှိသေးတဲ့ အပေါ် မူတည် ပြောရရင် ပထမဆုံး တာဝန်ရှိသူတွေဟာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး ကို နိုင်ငံတော် သမ္မတ က စတင် ခဲ့ပြီး ဒီလုပ်ငန်းစဉ် ကို လည်း စိတ်ထက်သန်တယ် လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပိုင်းက လူတွေ ဘယ်လောက် အထိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ် ဆိုတာကိုတော့ စောင့်ကြည့် ဖို့ လိုပုံတွေ ပြောသွားပါတယ်။

အဓိက မဏ္ဍိုင်ကြီး သုံးခု ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကို ကြည့်ရင် တရားစီရင်ရေး မဏ္ဍိုင် မရှိသေးဘူး လို့ ပြောရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမေရိကန် Asia Society က ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်တဲ့ Global Vision ဆု ကို ချီးမြှင့်တဲ့ အခန်းအနား မှာ ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။