BBC navigation

ကေအိုင်အို ညှိနှိုင်းရေးရုံး ဖွင့်

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 03:35 GMT
kia

ငြိမ်းချမ်းရေး အတွက် အမြန်တွေ့ဖို့လို

ငြိမ်းချမ်းရေး အလွတ် သဘော ဆွေးနွေးဖို့ မိုင်ဂျာယန် မြို့နားမှာ ကေအိုင်အို ဘက်က Justice and Negotiation Centre ဖွင့်လိုက်ပါတယ်။

နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ရုံး ဆောက်ဖို့ မြန်မာ ဘက်က ဦးအောင်မင်းကို မနှစ်ထဲက ဆွေးနွေး သဘောတူ ပြီးလို့ ဖွင့်တာလို့ ကေအိုင်အိုက ဦး လာနန်က ပြောပါတယ်။

သမ္မတ က နေပြည်တော်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ထားတယ် ဆိုတာ မဟုတ်ဘဲ မူဆယ် သို့မဟုတ် နေပြည်တော်မှာ လာတွေ့ဖို့ ဝန်ကြီး ဦးအောင်မင်းက ကမ်းလှမ်းတာ သာ ရှိတယ်လို့ ဆိုပါတယ်။

လမ်းခရီး အခြေအနေ အရ စိတ်မချရလို့ သွားဖို့ မဖြစ်နိုင်ဘူး လို့ ပြောပါတယ်။

ဒါကြောင့် တင်းမာမှုတွေ အမြန်လျော့ကျဖို့ ဘယ်နေရာ ဖြစ်ဖြစ် တွေ့ဆုံမှ ဖြစ်မယ်၊ ဆွေးနွေးပွဲ တွေ အတွင်း လူထု အဖွဲ့အစည်း တွေကို လွတ်လပ်စွာ လေ့လာခွင့် ပေးရမယ်လို့ လို့ ဦးလာနန်က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။