BBC navigation

The Voice Weekly အမှုကို ကြားနာတော့မယ်

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 15:47 GMT
the_voice

ဒီသတင်းဖော်ပြခဲ့လို့ တရားစွဲခံရ

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ် ကို သတ္တုတွင်း ဝန်ကြီးဌာနက အသားရေ ဖျက်မှုနဲ့ တရား စွဲဆို ထားတာကို ဒဂုံမြို့နယ် တရားရုံးက လက်ခံ ကြားနာဖို့ ဒီကနေ့ အမိန့် ချမှတ် လိုက်ပါတယ်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်က လုပ်ခွင့် ရထားတဲ့ မုံရွာ ကြေးနီ စီမံကိန်းက အစု ရှယ်ယာ ရောင်းချမှုနဲ့ ပတ်သက်ပြီး ငွေရေး ကြေးရေး ကိစ္စတွေမှာ သတ္တုတွင်း ဝန်ကြီးဌာနရဲ့ မရိုးသားမှု ရှိခဲ့တယ် ဆိုပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ကိုးကားပြီး မတ်လ ၁၂ ရက်ထုတ် The Voice Weekly ဂျာနယ်မှာ သတင်း တစ်ပုဒ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအချက်အလက်က မှန်ကန်မှု မရှိဘဲ ရေးသားတာ ဖြစ်တယ်ဆိုပြီး သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသားရေဖျက်မှုနဲ့ ဒဂုံမြို့နယ် တရားရုံးမှာ စွဲဆိုထားပါတယ်။

အဲဒီ စွဲဆိုချက်ကို လက်ခံကြားနာဖို့ တရားရုံးက အမိန့်ချ လိုက်တာ ဖြစ်ပါတယ်။

အခု ဆုံးဖြတ်ချက်ကြောင့် ဥပဒေအတိုင်း ဆက်လက် ရင်ဆိုင် ရမှာ ဖြစ်ပေမယ့် ဒီဖြစ်ရပ်ဟာ နိုင်ငံရေး အသွင် ကူးပြောင်းမှုရဲ့ ရိုက်ခတ်မှု တခု ဖြစ်တယ်လို့ The Voice Weekly ဂျာနယ် ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

အမှု စတင် စစ်ဆေးမဲ့ ရက်ကိုတော့ နောက်လ ၅ ရက်နေ့မှာ စတင်ကြားနာဖို့ အတွက် ချိန်းဆို ထားပါတယ်။

စတင် တရားစွဲခဲ့ တုန်းက သတ္တုတွင်း ဝန်ကြီး ဌာနရဲ့ ဝန်ကြီး ဦးသိန်းထိုက် ကတော့ အခု ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်ကို ပေးအပ် ခံထားရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။