BBC navigation

ဒေါ်အောင်ဆန်းစုကြည် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 16:48 GMT

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် ကိုရော သမ္မတ ဦးသိန်းစိန်ကိုပါ ချီးကျူးစကား ပြောကြားခဲ့

အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ နယူးယောက်မြို့ကို ရောက်ရှိ သွားပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတ ဦးသိန်းစိန်ကိုပါ ချီးကျူး စကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကို အားရကျေနပ် မှုတွေ ရှိသလို ရှေ့ဆက်ပြီးလည်း မျှော်လင့်ချက်တွေ ထားတဲ့ အကြောင်း ပြောသွား ပါတယ်။

ဘီဘီစီ မြန်မာဌာန သတင်းထောက်က ငြိမ်းချမ်းရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာအထူးပြု ပြောစရာ များရှိသလဲလို့ မေးမြန်းရာမှာ၊ ဒေါ်အောင်ဆန်း စုကြည်က ငြိမ်းချမ်းရေးဟာ အင်မတန် အရေးကြီးကြောင်းနဲ့ ငြိမ်းချမ်းရေးရှိမှ အမုန်းတရားတွေ ပျောက်နိုင်မယ်လို့ ဘီဘီစီ မြန်မာဌာနရဲ့ မေးခွန်းကို ဖြေကြားပေးခဲ့ ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို နိုင်ငံတကာ မီဒီယာ သမား ၅၀ ကျော် ၆၀ နီးပါး တက်ရောက်ခဲ့ ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂက မြန်မာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ အမျိုးသား ဝန်ထမ်း တယောက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို အားပါး တရ တွေ့ဆုံခွင့် ရတာ၊ မေးမြန်း ဆွေးနွေးခွင့်တွေ ရတာကြောင့် ပြောမပြ တတ်အောင် ကို ကျေနပ်မိတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။