BBC navigation

ပြည်သူ့ရေးရာ ဝန်ဆောင်မှုသတင်းဌာန ဖွင့်ဖို့ စီစဉ်

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 17:06 GMT

ပြည်သူ့ရေးရာ ဝန်ဆောင်မှု သတင်းဌာနအဖြစ် မကြာခင် ပြောင်းနိုင်ဖို့ ကြိုးစားနေ

အစိုးရပိုင်း သတင်းဌာနကို ပြည်သူ့ရေးရာ ဝန်ဆောင်မှု သတင်းဌာန အဖြစ် ပြောင်းလဲ လုပ်ဆောင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဆွီဒင် အသံလွှင့် မီဒီယာ ဖွံ့ဖြိုးရေးရုံးတို့က ကြီးမှူးပြီး ရန်ကုန်မြို့မှာ ၂ ရက်တာ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

နည်းပညာ၊ ငွေရေး ကြေးရေးနဲ့ ဥပဒေရေးရာတွေ လိုအပ်နေပေမယ့်လည်း သတင်းအရေးအသားနဲ့ အများ စိတ်ဝင်စားမယ့် အစီအစဉ်တချို့ကိုတော့ စတင်လုပ် ဆောင်နိုင်တာတွေ ရှိမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကိုပြောပါတယ်။

အတတ်ပညာပိုင်း ဆိုင်ရာ အခက်အခဲတွေ ရှိနိုင်သလို တင်ဆက် ရေးသားပုံတွေ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် လေ့ကျင့်သင်တန်းပေးမှုတွေ လုပ်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှား၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေမှာလည်း နိုင်ငံပိုင် ဝန်ထမ်းတွေနဲ့ပဲ ပြောင်းလဲ လုပ်ကိုင်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ပြည်သူ့ရေးရာ ဝန်ဆောင်မှု သတင်းဌာန ပြောင်းလဲ လုပ်ဆောင်ဖို့ နိုင်ငံ အကြီးအကဲတွေက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သလို သူတို့ကိုယ်တိုင်လည်း နိုင်ငံတကာမှာ သွားရောက် လေ့လာတာမျိုး၊ အခုလို အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပတာမျိုးတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၃ ခုနှစ်လောက်ကျရင်တော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ တွေ့မယ်လို့ ထင်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။