BBC navigation

အိုအိုင်စီကို သတိနဲ့ ဆောင်ရွက်ဖို့ ဘန်ကီမွန်းပြော

နောက်ဆုံး ရေးသားချိန် 30 စက်တင်ဘာလ 2012 - 00:48 GMT
bankimoon

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အိုအိုင်စီကို မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်စလင် တွေကိစ္စနဲ့ပတ်သက်ပြီး အထူး သတိထား ဆောင်ရွက်ဖို့ လိုတယ်လို့ စနေနေ့က ပြောလိုက်ပါတယ်။

ဒီကိစ္စတွေကြောင့် မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်နိုင်တဲ့ အတွက် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ၅၇ နိုင်ငံ ပါဝင်တဲ့ အိုအိုင်စီ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး အက်ခ်မီလီဒင် အီဆန်နိုဂလူ တို့ကို ကုလသမဂ္ဂ ညီလာခံရဲ့ ပြင်ပမှာ သီးခြား တွေ့ဆုံပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အိုအိုင်စီကလည်း ဒီကိစ္စတွေကို နယူးယောက်မြို့မှာ ဒီသတင်းပတ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးဖို့ စီစဉ်ထား ခဲ့တာ ဖြစ်ပြီး ဒီလူတွေကို နိုင်ငံသား တွေအဖြစ် ပေးဖို့ တောင်းဆို ထားပါတယ်။ အဲဒီ အဖွဲ့ရဲ့ အတွင်းရေးမှူးက မြန်မာ အစိုးရက ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ နဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ အသင့်ရှိတဲ့ အခါမှာ မြန်မာ နိုင်ငံကို သွားလိုတဲ့ အကြောင်းပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။