BBC navigation

စစ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းနဲ့ လက်ရှိ အစိုးရ မဆိုင်

နောက်ဆုံး ရေးသားချိန် 30 စက်တင်ဘာလ 2012 - 01:09 GMT

မီဒီယာ ပလေးယား

အရင် စစ်အစိုးရ လက်ထက်က လူ့အခွင့်အရေး မှတ်တမ်းဟာ လက်ရှိ အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြော

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဥပဒေနဲ့ အညီဆောင်ရွက်တာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မပြောသင့်ပါဘူး

သမ္မတ ဦးသိန်းစိန်အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ်မှာ ဘီဘီစီ ဌာနမှူး ဒေါ်တင်ထားဆွေနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုံးဝရုပ်သိမ်းဖို့ ကိစ္စမှာ နှစ်နိုင်ငံ အကြား နားလည်မှု ယူထားတာမျိုး မရှိဘူးလို့ အဲဒီ တွေ့ဆုံ မေးမြန်းခန်းမှာ ဦးသိန်းစိန်က ပြောကြားသွားပါတယ်။

မြန်မာပြည်တွင်းမှာ လက်နက်ကိုင် အဖွဲ့ ၁၁ဖွဲ့ ရှိရာမှာ ၁၀ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရှိနေပြီး KIA အဖွဲ့နဲ့တော့ ငြိမ်းချမ်းရေး ရရေး ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း၊ အစိုးရဘက်က အပစ်အခတ်တွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားပြီး ဖြစ်ပေမယ့် KIA ဘက်က ဒီလို ညွှန်ကြားတာမျိုး မရှိတဲ့ အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အရင် စစ်တပ်အစိုးရရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို အရင်အစိုးရ ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ သမ္မတက တာဝန်ယူနိုင်မလား ဆိုတဲ့ မေးခွန်းကိုတော့ သမ္မတ ဦးသိန်းစိန်က လက်ရှိ အစိုးရဟာ ဒီမိုကရေစီ ရရေးကိုသာ အာရုံစိုက် ဆောင်ရွက်နေတာ ဖြစ်ပြီး အရင် စစ်တပ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းနဲ့ လက်ရှိ အစိုးရ မသက်ဆိုင်ဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

နိုင်ငံ ပြုပြင်ပြောင်းလဲရေးကို အစိုးရ အဖွဲ့တွင်းမှာ ရှိတဲ့ စစ်တပ်က လူတွေက ဆန့်ကျင် နေတယ် ဆိုတာဟာ မဟုတ်ကြောင်း ဦးသိန်းစိန်က ငြင်းဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် တပ်မတော်ကပဲ လမ်းပြ မြေပုံ ၇ချက် ချပေးခဲ့တာ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူတွေ အစိုးရ အဖွဲ့တွင်းမှာလည်း မရှိကြောင်း လုပ်ကိုင်မှု နှေးကွေးတဲ့ သဘောသာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ဒီအကြောင်းတွေနဲ့အတူ မေးမြန်းခန်း အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ကြပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။