BBC navigation

နိုင်ငံခြားသား ခရီးသည်တွေကို ရခိုင် သွားခွင့်ပြုပြီ

နောက်ဆုံး ရေးသားချိန် 2 အောက်တိုဘာလ 2012 - 00:45 GMT

နိုင်ငံခြားသား ခရီးသွားတွေကို စောင့်ကြိုနေတဲ့ ကမ်းခြေ အလှ

ရခိုင်ပြည်နယ်က အခင်းဖြစ်ပွားပြီးနောက် ၃လလောက် ပိတ်ထားရာက နိုင်ငံခြားသား ခရီးသည်တွေကို အခုအခါ ပြန် သွားလည်ခွင့်ပြုပြီလို့ သိရပါတယ်။

နိုင်ငံခြားသား ခရီးသည်တွေကို အရင်ကလို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုတာ မဟုတ်သေးဘဲ ကြိုတင်ခွင့်ပြုချက်နဲ့မှ သွားလို့ရတာ ဖြစ်ပါတယ်။

ဘာဘဲဖြစ်ဖြစ် ခရီးသွား ရာသီချိန် ရောက်လာပြီဖြစ်လို့ အစိုးရပိုင်းက အခုလို ခွင့်ပြုလာတာဟာ ကောင်းတယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။

အုပ်စုလိုက် လာတဲ့ ခရီးသွား အဖွဲ့တွေ သွားရောက် လည်ပတ် နိုင်ဖို့ ဟိုတယ်နဲ့ ခရီးသွား ၀န်ကြီး ဌာန ခွင့်ပြုချက် အရင် ယူရပြီး ခွင့်ပြုချက် တောင်းခံချိန် ငါးရက်လောက် ကြာတယ်လို့ ဦးတင်ထွန်းအောင် က ဆိုပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေဟာ မြောက်ဦးမြို့ကို အများဆုံး သွားလေ့ ရှိကြပြီး စစ်တွေမြို့မှာ တရက်နား ၊ မြောက်ဦးမြိုမှာ ခြောက်ရက်လောက် အိပ်ကာ လည်ပတ်လေ့ ရှိတယ်လို့ ပြောပါတယ်။

အဲဒီလို သွားလာလေ့ ရှိတဲ့ ခရီးသွားတွေ အများဆုံး လာတဲ့ ရာသီက နို၀င်ဘာလ ကနေ နောက်သုံးလလောက်ထိ ဖြစ်ပြီး တနေ့ကို အယောက် ၂၀၀ ကနေ ၃၀၀ လောက်ထိ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသည် အခြေအနေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်ထက် စာရင် ထက်ဝက်လောက် များလာတယ်လို့ ဦးတင်ထွန်းအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လေဆိပ်တွေကနေ လာတဲ့ ခရီးသည်ဟာ ၄ သိန်းကျော်ရှိပြီး အခုနှစ်မှာ တလခြင်း အလိုက် တဝက်လောက် တိုးများ လာတာကြောင့် အခုနှစ်မှာ ၆ သိန်းကျော်တော့ ရှိနိုင်မယ်လို့ ဦးတင်ထွန်းအောင်က ခန့်မှန်း ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။