BBC navigation

သမ္မတ ဦးသိန်းစိန် ပြန်အလာကို စောင့်ကြိုကြ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 15:51 GMT
People welcome President U Thein Sein

သမ္မတကို အစီအစဉ် တကျ စောင့်ကြို နေခဲ့ကြ

နှစ်ပေါင်း ၅၀ နီးပါး အတွင်း မြန်မာ နိုင်ငံ သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး အမေရိကန် ခရီးစဉ် ကနေ ပြန်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို ရန်ကုန် လေဆိပ်မှာ လူ အများ အပြား စောင့်ကြို ခဲ့ကြ ပါတယ်။

တနင်္လာနေ့ မနက်က လေဆိပ်မှာ ကြိုဆိုခဲ့ကြသူ ရာဂဏန်းလောက် ရှိပြီး စနစ်တကျ အစီအစဉ်နဲ့ ကြိုဆို ခဲ့ကြပေမဲ့ အရင်ကလို အတင်း အကျပ် ပုံစံမျိုးနဲ့ လာရပုံ တော့ မဟုတ်ဘူးလို့ အဲဒီမှာ ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ သတင်းထောက် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

သမ္မတရဲ့ အမေရိကန် ခရီးစဉ် အောင်မြင်တာကို အသိ အမှတ်ပြုတဲ့ အနေနဲ့ ရော ကုလ သမဂ္ဂမှာ မိန့်ခွန်း ပြောခဲ့တာကို သဘောကျတဲ့ အတွက်ရော လူတွေ လာကြိုကြတာ ဖြစ်တယ်လို့ သူစကားပြောခွင့်ရသူ ပြည်သူတွေရဲ့ အပြော အရ သိရတယ်လို့ အဲဒီ သတင်းထောက်က ဆက်ပြောပါတယ်။

သမ္မတရဲ့ နံဘေးမှာ ရဲတွေက လုံခြုံရေး ယူထား ပေမဲ့ လူတွေက သမ္မတကို အနီးကပ် တွေ့နိုင်တဲ့ အပြင် တချို့ ဆို လက်ဆွဲ နှုတ်ဆက်ခွင့် တောင် ရကြ ကြောင်းနဲ့ သတင်း သွားယူတဲ့ သတင်းထောက်တွေ အတင်း တိုးဝှေ့ သတင်း ယူတာမျိုးကို တားတာက လွဲရင် အရင်ကလို မဟုတ်ဘဲ သတင်း ရယူခွင့် နဲ့ ဓါတ်ပုံ ရိုက်ခွင့် ပေးခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။