BBC navigation

မြန်မာ အမေရိကန် ကုန်သည်များအသင်းဖွဲ့

နောက်ဆုံး ရေးသားချိန် 2 အောက်တိုဘာလ 2012 - 00:36 GMT

အမေရိကန်မှ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံရေး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မြန်မာ အမေရိကန် ကုန်သည်များ အသင်း ကို စက်တင်ဘာလ ကုန်ပိုင်းက အမေရိကန်ရောက် မြန်မာ လုပ်ငန်းရှင် တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အသင်းဥက္ကဌ ဦးသိန်းဟန် က အခု အချိန်ဟာ ခေတ်ပြောင်းလာချိန် ဖြစ်တဲ့ အတွက် အမေရိကန်လူမျိုးတွေထဲ က လည်း မြန်မာနိုင်ငံ မှာ စီးပွားရေး လုပ်ဖို့ စိတ်ဝင်စားသူတွေ ရှိကြလို့ အထောက်အကူ ပြုရအောင် ဖွဲ့စည်းကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဦးသိန်းဟန် ကိုယ်တိုင် မြန်မာနိုင်ငံ ကို ဒီနှစ် အတွင်း နှစ်ကြိမ် လာရောက်ပြီး လေ့လာရာမှာ ဟိုတယ်လုပ်ငန်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ စိတ်ဝင်စားစရာ ကောင်းပုံ ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ဟိုတယ်တွေ လည်း လိုအပ်ဆဲမို့ သူကိုယ်တိုင်ပင် အခွင့်အရေး ရရင် ဟိုတယ်လုပ်ငန်း လုပ်လိုကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အမေရိကန်တွေ ကို မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုရေး အတွက် အထောက်အကူ ပြုနိုင်တဲ့ အပိုင်းကတော့ ပြည်တွင်းက စီးပွားရေး ဖက်စပ်လုပ်လိုသူတွေ နဲ့ ဆက်သွယ်ပေး ဖို့ ရှိကြောင်း ရှင်းပြပါတယ်။ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းအနေနဲ့ တော့ ပြည်သူတွေ အတွက်ရော ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အတွက်ပါ လုပ်ငန်း ဖေါ်ဆောင်ပေးနိုင်ကြောင်း ဦးသိန်းဟန် က ရှင်းပြပါတယ်။

လက်ရှိ အခြေအနေအရ အချိန် အနည်းငယ် လိုနေသေးတယ်လို့ ပြောရမယ့် အပိုင်း ဆိုရင်တော့၊ အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့မှု ကို အကုန် မဖွင့်ပေးသေး တဲ့ အတွက်၊ ဖွင့်ပေးချိန် ရောက်ရင် ပိုအဆင်ပြေနိုင်သလို၊ ဘဏ်စနစ် ကလည်း ပြုပြင်ဖို့ လိုနေသေးကြောင်း ဦးသိန်းဟန် က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။