BBC navigation

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်ရောက်

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 23:12 GMT
dassk_losangeles

အမေရိကန်မှာ ခရီးနှင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ခရီးစဉ် ပြီးဆုံးလို့ ကြာသပတေးနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

အမေရိကန် ခရီးစဉ် အတွင်းမှာလည်း သောင်းသောင်းဖျဖျ ကြိုဆိုခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ အခါမှာလည်း ထောင်ပေါင်းများစွာ သောလူထုကြီးက သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်မှာ သတင်း ၂ ပတ်ကြာ ခရီးနှင်ခဲ့တာ ဖြစ်ပြီး ကွန်ဂရက် လွှတ်တော်က အရပ်သား ပြည်သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတံဆိပ်ကိုလည်း ရရှိခဲ့သလို နယူးယောက်၊ ကင်တပ်ကီ၊ အင်ဒီယားနား၊ ဆန်ဖရန်စစ္စကို နဲ့ လော့စ် အင်ဂျယ်လ်လိစ် မြို့တွေကိုလည်း ရောက်ရှိခဲ့ပါတယ်။

အမေရိကန်မှာ ရှိစဉ် မတွေ့ရတာ ကာလ ကြာပြီ ဖြစ်တဲ့ သားအကြီး အလက်ဇန္ဒား အဲရစ္စနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး အေအဖ်ပီ သတင်းထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြန်ခရီးကို လာကြိုကြတဲ့ လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အပြန်ကို ကြိုဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြ သလို ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ပါစေ၊ ကျန်းမာပါစေ စသည်ဖြင့် ဆုမွန်ကောင်းတွေ တောင်းလို့ ကြိုဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။