BBC navigation

ဦးအောင်မိုးဇော် နဲ့ ပြည်တွင်းနိုင်ငံရေး

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 00:55 GMT
_bbc_amz

ဦးအောင်မိုးဇော်

DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ဟာ စက်တင်ဘာလ ၃ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ပါတီတာဝန် နဲ့ မြန်မာနိုင်ငံ ကို သွားရောက်ခဲ့ အပြီး ပြည်တွင်းက အခြေအနေ နဲ့ နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ဆုံခဲ့မှု အပေါ် ကျေနပ်မှု ရှိတဲ့ အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပါတီ အနေနဲ့ ပြည်တွင်းမှာ လှုပ်ရှား ဆောင်ရွက်မှု အပိုင်းမှာ လိုချင်တဲ့ အချက်အလက်၊ ဆောင်ရွက်ချင်တဲ့ ကိစ္စရပ်တွေ ကို စာနဲ့ ရေးသားပြုစုပြီး အစိုးရ ကို တင်ပြဖို့ အဆင့်ပဲ ကျန်တော့တဲ့ အကြောင်းလည်း ဦးအောင်မိုးဇော် က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီ အချက်ပေါ် မူတည်ပြီးမှ ရှေ့လုပ်ငန်းစဉ် တွေ ချမှတ်ပြီး လုပ်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေဘွယ် ရှိတဲ့ အကြောင်း၊ ပြည်တွင်း ပြန်သွားဖို့လည်း နီးစပ်တဲ့ အကြောင်း ရှင်းပြပါသေးတယ်။ ပြည်တွင်းပြန်ပြီး နိုင်ငံရေး လုပ်တဲ့ အခါမှာလည်း အကန့်အသတ် တွေ အများကြီးရှိသလို လမ်းပွင့်နေတာတွေ လည်းရှိတဲ့ အတွက် အကန့်အသတ် တွေ ကို ကျော်လွှားနိုင်ဖို့ ကြိုးစားမယ့် အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ပြည်တွင်းခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့နဲ့ ဆက်ဆံရေး တွေ နဲ့ ပတ်သက်ပြီးလည်း နွေးထွေးကြိုဆိုမှု တွေ ရှိပုံ၊ နှစ်ပေါင်း ၂ဝ ကျော် မှ ပြန်လည်တွေ့ဆုံခွင့် ရကြတဲ့ တိုင်အောင် လုပ်နည်း လုပ်ဟန် အရ မတူတဲ့ အပိုင်းရှိသလို၊ နိုင်ငံရေး အရ အတွင်း နဲ့ အပြင်၊ ဆိုပေမယ့် ပြဿနာ ရယ်လို့ မယူဆ ပုံတွေ ကို ဦးအောင်မိုးဇော် က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။