BBC navigation

စစ်တွေမြို့ ဗလီဝင်းထဲ မီးလောင်မှု ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 15:45 GMT

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ချက်ချင်း ရောက်ရှိ လာပြီး မီးသတ် ကားတွေ အကူ အညီနဲ့ မီးငြှိမ်း သတ်ခဲ့

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ လုံခြုံရေး တွေ တင်းကျပ် ထားတဲ့ ကြားထဲက မြို့လယ်မှာ ရှိတဲ့ ဗလီဝင်းထဲက အဆောင်တချို့ မီးလောင်မူ ဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ ခန့်မှာ ဗလီဝင်းထဲ အဆောင် တချို့ ကနေ မီးခိုတွေ ထွက်လာတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ချက်ချင်း ရောက်ရှိ လာပြီး မီးသတ် ကားတွေ အကူ အညီနဲ့ မီးငြှိမ်းသတ်ခဲ့ ရတယ်လို့ ပြောပါတယ်။

မီးလောင်တဲ့ အဆောင်တွေ ကတော့ ဗလီကြီး အတွင်းမှာ ရှိနေတဲ့ တဲသာသာ ရှိတဲ့ အဆောက် အဦးတွေ ဖြစ်ပြီး ဗလီကြီး ကတော့ တစ်စုံ တစ်ရာ ထိခိုက်တာ မရှိဘူး လို့ သိရပါတယ်။

အဲဒီလို မီးငြှိမ်းသတ် နေစဉ်မှာ နောက်ထပ် တစ်ကြိမ် မီးလောင်မူ ဖြစ်ပွားခဲ့တယ်လို့ မောလိပ်ရပ်ကွက်က မျက်မြင် တစ်ဦးက ပြောပါတယ်။

အခုတော့ ဗလီကြီး အနီးတဝိုက်မှာ စစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုးချထား လိုက်တယ်လို့ သိရပါတယ်။ မီးလောင်မူနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်း စစ်ဆေး မူတွေ ကို ဆက်လုပ် နေတယ်လို့ သိရပါတယ်။

မလေးရှားက အကူ အညီပေးရေး အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Freedom Flotilla အဖွဲ့ ရောက်ရှိလာတဲ့ နေ့မှာပဲ ခုလို မီးလောင်မူ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။