BBC navigation

ဒီမိုကရေစီမိတ်ဆွေ ပါတီ အစည်းအဝေး

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 00:56 GMT
bbc_chin_304

ချင်းတိုင်းရင်းသား

မြန်မာ နိုင်ငံမှာ ဒေသ တခုချင်း အလိုက်၊ တိုင်းရင်းသား ပြည်နယ်တွေ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိတဲ့ စနစ် ကို ဖေါ်ဆောင်နိုင်ရေး အတွက် ဒီမိုကရေစီ ၁ဝ ပါတီ အစည်းအဝေး ကနေ သဘောတူ လိုက်ကြပါတယ်။

ဒီမိုကရေစီ ၁ဝ ပါတီထဲမှာ ရှမ်း၊မွန်၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီ တွေပင် မကပဲ ပြည်မ က ပါတီတွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီ၊ NDF၊ ဒီငြိမ်း၊ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ စတာတွေ နဲ့ စုစည်းထားတာပါ။

ဖယ်ဒရယ်ပြည်ထောင်စု စနစ် ကို အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ကို ဒီအစည်းအဝေး ကနေ သဘောတူညီမှု ရခဲ့တယ်လို့ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးထွန်းရွှေ က ဘီဘီစီ ကို ပြောပါတယ်။ ဒီမိုကရေစီပါတီ အနေနဲ့ ချဉ်းကပ်ရမှာ ကတော့ အနာဂတ်လမ်းကြောင်း အတွက် ပြည်ထောင်စု တရပ် ဖွဲ့စည်းသင့်တယ် ဆိုတဲ့ အခြေခံ အပေါ်မှာ သဘောတူကြတဲ့ အကြောင်း ရှင်းပြသွားတါပါ။

လာမယ့် ၂ဝ၂ဝ ခုနှစ်အတွင်းမှာ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ် ကျင့်သုံးနိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ့် အကြောင်း၊ ဖယ်ဒရယ် ဆိုရင် အများက တိုင်းရင်းသား အရေး လို့ပဲ မြင်ကြလို့၊ အမှန် က ဖယ်ဒရယ်စနစ် ဟာ တနိုင်ငံလုံးရှိ ၇ တိုင်း နဲ့ ၇ ပြည်နယ် အတွက် တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ကို တပြေးညီညာ ရစေဖို့၊ စီမံ ခန့်ခွဲပိုင်ခွင့် ကို ဒေသ အလိုက် အမြင့်ဆုံး အဖွဲ့၊ တိုင်း အဆင့် ကနေ ရပ်ကျေး အထိ ရရှိဖို့ သာ ဖြစ်ကြောင်း၊ ပြည်ထောင်စုပြိုကွဲအောင် ဖယ်ဒရယ် ထူထောင်လိုတာ မဟုတ်တဲ့ အကြောင်း တွေကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဗဟို အလုပ်အမှုဆောင် စောသန်းမြင့် က ဘီဘီစီ ကို ရှင်းပြသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။