BBC navigation

စစ်တွေမြို့မှာ သံဃာတော်တွေ ချီတက် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 16:29 GMT

တနင်္လာနေ့ကလည်း ရန်ကုန်မြို့မှာ သံဃာတော် တွေ ဆန္ဒပြခဲ့ကြပါတယ်

စစ်တွေ မြို့ပေါ် ကျောင်းတိုက်တွေက ရဟန်း တော် အပါး ၁၀၀၀ ခန့်ဟာ မြန်မာ နိုင်ငံမှာ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC လာရောက် ရုံးဖွင့်မှာကို ကန့်ကွက် တဲ့ အနေနဲ့ အင်္ဂါနေ့ နေ့လည် တစ်နာရီ ကျော်က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ရှေ့ကို ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြ ပါတယ်။

OIC ကို မြန်မာ အစိုးရ ကနေ ရန်ကုန်နဲ့ စစ်တွေ မြို့တွေမှာ ရုံးဖွင့်ခွင့် ပေးထားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အပေါ် ရဟန်းတော်တွေက အဓိကထား ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါ တယ်။

ဆန္ဒပြ ရဟန်းတော်တွေဟာ OIC ရုံးဖွင့်မှာ ကို ကန့်ကွက်တဲ့ အချက် အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ တယ်လို့ ဆန္ဒပြပွဲ ဦးဆောင် သံဃာတပါး ဖြစ်တဲ့ ဦးဇင်း ဦးပညာဇောတက ဘီဘီစီကို မိန့်ပါတယ်။

ပိုစတာတွေ ဆိုင်းဘုတ်တွေကို ကိုယ်စီကိုင်ဆောင်ပြီး ချီတက်လာတဲ့ သံဃာတော်တွေနဲ့ အတူ ဒေသခံတွေလည်း လိုက်ပါလာ ကြတဲ့ အတွက် လူအုပ်ကြီးက ထောင်ချီ ဖြစ်သွား တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ အတွင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို လုံခြုံရေးတွေ အပြည့်ချကာ စောင့်ကြပ်နေတာက လွဲပြီး တခြား ပြဿနာ တစ်စုံ တစ်ရာ မရှိဘဲ ညနေပိုင်းမှာ ဆန္ဒပြပွဲ ငြိမ်းချမ်းစွာ ပြီးဆုံး သွားခဲ့ တယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံ အခြေစိုက် OIC အဖွဲ့ အတွင်း ရေးမှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေး ခရီးစဉ် အတွင်း စက်တင်ဘာ ၁၁ ရက် နေ့က OIC နဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

စာချွန်လွှာ အရ ရန်ကုန်မြို့နဲ့ စစ်တွေမြို့ အပါအဝင် ရခိုင် ပြည်နယ်မှာ အိုအိုင်စီရဲ့ ရုံးတွေကို ဖွင့်လှစ် သွားမယ်လို့ အိုအိုင်စီက ဘီဘီစီကို ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။