BBC navigation

ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမယ်လို့ သမ္မတဦးသိန်းစိန်ပြော

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 00:39 GMT
thein_sein

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယား သမ္မတ တွေ့ဆုံ

တောင်ကိုးရီးယားကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့ ကစပြီး ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ စီးပွားရေး ဝန်းကျင် ကောင်း ရဖို့ ဥပဒေပိုင်း ဆိုင်ရာမှာ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်သွား မယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။

လုပ်သား အင်အား အထူးပြု လုပ်ငန်းတွေ လိုအပ်နေကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ် နေကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့လည်း သမ္မတ အိမ်ပြာတော်မှာ မနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ တောင်ကိုးရီးယား ကနေ မြန်မာနိုင်ငံမှာ ပိုမို ရင်းနှီးမြှပ်နှံဖို့လည်း သဘောတူခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။