BBC navigation

ဘာသာရေး လှုံ့ဆော်တဲ့ ဓါတ်ပုံ ဖြန့်ဝေမှုနဲ့ ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 15:38 GMT
Bangladesh Buddhist attacks

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘုန်းတော်ကြီးကျောင်း အတော် များများ ဖျက်ဆီးခံခဲ့ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကုရ်အာန် ကျမ်းကို စော်ကားရာ ရောက်တဲ့ ဓါတ်ပုံတွေ Facebook ပေါ်မှာ ဖြန့်ဝေမှုနဲ့ အလိုရှိသူ ကျောင်းသား တစ်ယောက်ကို ဗုဒ္ဓဟူး နေ့က ရဲတွေ ဖမ်းဆီးခဲ့ ပါတယ်။

အခု အဖမ်း ခံရတဲ့ လူငယ်ဟာ အက်ဘ်ဒူလ် မူတာ ဒီယာ ဆိုတဲ့ အသက် ၁၈ နှစ် အရွယ် မွတ်ဆလင် ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ သူ့ကို စစ်တကောင်းမြို့က ကျောင်းသားဆောင် တစ်ခုမှာ ဗုဒ္ဒဟူး နေ့ ညနေပိုင်းက ဝင်ရောက် ဖမ်းဆီး ခဲ့တာပါ။

အဲဒီ ဓါတ်ပုံ တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေကို တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပြီး အဲဒီ အပေါ် ဗုဒ္ဓ ဘာသာဝင်တွေ ကန့်ကွက် ဆန္ဒပြမှု တွေလည်း ဖြစ်ခဲ့ပါတယ်။

မီးရှို့ တိုက်ခိုက်မူ မဖြစ်ပွားခင် မူတာ ဒီယာဟာ သူ့ သူငယ်ချင်း ဖါရုဒ် ဆိုတဲ့ လူငယ် တစ်ဦးနဲ့ အတူ ရာမူးမြို့က အင်တာနက် ဆိုင်က တဆင့် အဲဒီ ဓါတ်ပုံ တွေကို တခြား သူတွေဆီ ဖြန့်ဝေ ခဲ့သူ ဖြစ်တယ် လို့လည်း ရဲက စွပ်စွဲ ပြောဆို ပါတယ်။

သူနဲ့ အတူ ဓါတ်ပုံတွေ ဖြန့်ခဲ့တဲ့ ဖါရု ကိုတော့ ရဲအဖွဲ့က အခုလ ၆ ရက်နေ့ ကတည်းက ဖမ်းဆီး ထားပြီး ဖြစ်ပါတယ်။

ဓါတ်ပုံတွေ Facebook မှာ ပြန့်သွားခဲ့ပြီး နောက်ပိုင်းမှာ ထောင်နဲ့ ချီရှိတဲ့ အစ္စလာမ် ဘာသာဝင် တွေက ရာမူးက ဘုန်းတော်ကြီးကျောင်းတွေကို မီးရှို့ တိုက်ခိုက်ခဲ့ ပါတယ်။

အက်ဘ်ဒူလ် မူတာ ဒီယာကို ဖမ်းဆီးပြီးတဲ့ နောက် စစ်ဆေး မေးမြန်းဖို့ ရဲတွေက ကြာသပတေး နေ့က ရမန် ယူခဲ့ ရာမှာ တရားရုံးက ရဲတပ်ဖွဲ့ကို ရမန် လေးရက် ပေးလိုက် တယ်လို့ ရာမူး ဒေသခံ ရှေ့နေ တစ်ယောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မူနဲ့ ပတ်သက်ပြီး အခု အချိန် အထိ ဖမ်းဆီးထားသူ လူပေါင်း ၂၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတိုက်ခိုက်မူနဲ့ ပတ်သက်ပြီး အငြင်း ပွားမူတွေ ဖြစ်နေတဲ့ အတွက် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုမူတွေ နိုင်ငံတွင်းမှာ ပိုများပြား လာနေ တယ်လို့ ဒေသတွင်းက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။