BBC navigation

အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ လာမယ်

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 15:14 GMT

ဂျပန်နဲ့ တောင်ကိုရီးယား တို့ကို အရင် သွားရောက် ပြီးနောက် မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်

အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး William Burns ဟာ ရှေ့အပတ်ထဲ စတင်မယ့် အာရှ ဒေသ ၅ နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ကိုလည်း အလည်အပတ် လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Burns ဟာ မြန်မာ နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး၊ သူဟာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ဝင် အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား တို့ကို အရင် သွားရောက်ပြီးနောက် မြန်မာနိုင်ငံကို တတိယ ခရီးစဉ် အနေနဲ့ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပြီး နောက်ပိုင်း မစ္စတာ Burns ရဲ့ အခု ခရီးစဉ်ဟာ အမေရိကန် အဆင့်မြင့်ဆုံး အရာရှိ ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာ အစိုးရသစ်ရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ကြောင့် အမေရိကန် အစိုးရ ကနေ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည် ဖြေလျှော့ ပေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေး နိုင်မယ့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ လတုန်းက ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုမှု ရခဲ့ပြီးတဲ့ နောက် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ အပတ်က လက်မှတ်ထိုးခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။