BBC navigation

ကေအန်ယူ ညီညွတ်ရေး ကရင်လူထုအဖွဲ့တွေ မေတ္တာရပ်ခံမယ်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 15:28 GMT

မေတ္တာရပ်ခံဖို့ အတွက် ဒေါက်တာ စင်သီယာ အမှူးပြုတဲ့ ၁၃ ဦး ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်

ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ ခေါင်းဆောင်တွေ အကြား သဘောထား အမြင် ကွဲလွဲ နေတာ ပြေလည်ပြီ ဆိုပေမယ့်၊ အခု အချိန် အထိ ခေါင်းဆောင် ပိုင်းတွေ မျက်နှာချင်း ဆိုင် တွေ့ဆုံတာ မရှိသေး တာကြောင့်၊ ကေစီဘီအိုလို့ ခေါ်တဲ့ ကရင်လူထု အခြေပြု စုပေါင်း အဖွဲ့တွေ ကနေ ကေအန်ယူ လူကြီးတွေဆီ သွားပြီး မေတ္တာရပ်ခံဖို့ အတွက် ဒေါက်တာ စင်သီယာ အမှူးပြုတဲ့ ၁၃ ဦး ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်လိုက် ပါတယ်။

ကေအန်ယူ ခေါင်းဆောင်ပိုင်း ကြားမှာ အခြေအနေ တည်ငြိမ်မှု မရှိသေးဘူးလို့ ၁၃ ဦး ကိုယ်စားလှယ် အဖွဲ့ မှာပါတဲ့ OKRSO ပြည်ပရောက် ကရင် ဒုက္ခသည်များ ဆိုင်ရာ လူမှု စောင့်ရှောက်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ မန်းမျိုးမြင့်က ပြောပါတယ်။

ပြည်တွင်း ပြည်ပမှာ ရှိတဲ့ ကရင် အမျိုးသားတွေ ကလည်း ဒီကိစ္စအပေါ် အများကြီး စိုးရိမ် ပူပန် နေကြတယ်လို့ မန်းမျိုးမြင့်က ပြောပါတယ်။ ဒီအတွက် ကေအန်ယူ ခေါင်းဆောင် လူကြီးတွေ အနေနဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဖို့ တိုက်တွန်း ကြောင်းလည်း သူက ပြောပါတယ်။

အခုလို ကေအန်ယူ ခေါင်းဆောင်ပိုင်းမှာ သဘောထား အမြင်တွေ ကွဲတဲ့အတွက် နော်ဝေနိုင်ငံ ဘက်က၊ ကရင်ပြည်နယ် ဖွံဖြိုးရေး အတွက် ပေးမယ့် အကူအညီ တွေကို ယာယီ ရပ်ဆိုင်း လိုက်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ကေအန်ယူက ထုတ်ပြန်တဲ့ ကြေညာချက် တစောင်မှာတော့၊ ကေအန်ယူ ဗဟိုကော်မီတီ အစည်းအဝေး ဖြစ်မြောက်ရေး အတွက် နှစ်ဘက် ကိုယ်စားလှယ် တွေ ကြားမှာ စီစဉ် ဆောင်ရွက် နေတယ်လို့ ဖေါ်ပြထားပြီး၊ အစည်းအဝေး ကနေ ရလာတဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် အသိပေး ထုတ်ပြန် သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။