BBC navigation

စစ်တွေမှာ ရုန်းရင်း ဆန်ခတ်မူ ထပ်ဖြစ်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 01:12 GMT

စစ်တွေမှာ အရင် ဆူပူမှု ဖြစ်ခဲ့တုန်းက ပုံ

စစ်တွေမှာ အခြေအနေ တည်ငြိမ်လာတဲ့ အတွက် ညမထွက်ရ အမိန့်ကို ညနေ ၇ နာရီကနေ နံနက် ၅ နာရီ သတ်မှတ်ထားရာကနေ ညနေ ၁၀ နာရီကနေ နံက်နက် ၄ နာရီထိ အောက်တိုဘာလ ၁၁ ရက်နေ့က အချိန် လျော့ချပြီး နောက်တစ်နေ့မှာဘဲ အောင်မင်္ဂလာ ရပ်ကွက်မှာ ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

လူတွေ စုဝေးကြပြီး ရုန်းရင်းဆန်ခတ်မူ ဖြစ်လာခဲ့တဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့၀င်တွေက မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီး လူစု ခွဲခဲ့ရတယ်လို့ စစ်တွေကို ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့၀င်တွေ သေနတ်နဲ့ ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အောင်မင်္ဂလာရပ်ကွက်ကို ဝိုင်းလာတဲ့ လူအုပ်က လူစု ကွဲသွားပြီး အခြေအနေ ကတော့ တည်ငြိမ်သွားခဲ့တယ်လို့ ပြောပါတယ်။

ခုလို ဖြစ်တာကတော့ အောင်မင်္ဂလာရပ်ကွက်နေ မွတ်ဆလင် တွေက ရခိုင်ရပ်ကွက်တွေကို တိုက်ခိုက်ဖို့ ထွက်လာတယ်ဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ဒေသခံတွေက အောင်မင်္ဂလာရပ်ကွက်ကို ဝိုင်းအုံ လာရာ ကနေ စဖြစ်တယ်လို့ သိရပါတယ်။

ခုလို သေနတ် ပစ်ခတ်ရတဲ့ အထိ ဖြစ်ပွားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် သက်ဆိုင်ရာ တာ၀န်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။