BBC navigation

ရှမ်းညီလာခံ ကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 01:01 GMT
Khun Tun Oo

National Endowment for Democracy ဆု ရယူစဉ်

ရှမ်းလူမျိုး အဖွဲ့အစည်း ပေါင်းစုံ ပါဝင်တဲ့ ရှမ်းတိုင်းရင်းသား ညီလာခံ တခုကို နိုဝင်ဘာလ အမီ ကျင်းပ နိုင်ရေး အတွက် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင် စည်းရုံး စီစဉ်နေပါတယ်။

အဓိက ရည်ရွယ်ချက်က ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေး ဘယ်လို ဖော်ဆောင်မလဲ ဆိုတာနဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ခိုင်မြဲအောင် လုပ်မလဲ ဆိုတဲ့ အချက်ကို အဓိက ထား ဆွေးနွေး မှာ ဖြစ်ကြောင်း ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဖိတ်ကြားဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ SSA ၊ SSPP၊ RCSS၊ NDAA၊ ကျားဖြူပါတီ၊ SWAN ရှမ်းအမျိုး သမီးအဖွဲ့နဲ့ တခြား လူထု အခြေပြု အဖွဲ့ အစည်းတွေလည်း ပါဝင် မယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေနိုင်ဖို့ ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒီနေ့ အချိန်ဟာ ငါနဲ့ မတူ ငါ့ရန်သူလို့ သဘောထားရမယ့် အချိန် မဟုတ်တော့တဲ့ အတွက် အစိုးရဘက်ကလည်း ကန့်ကွက် စရာ မရှိဘူးလို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။

ဦးခွန်ထွန်းဦးဟာ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ခေါ်ယူပြီး နောက် နှစ်ရှည် ထောင်ဒဏ် ချမှတ်တာကို ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးကတော့ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဟာလည်း အစိုးရခိုင်းလို့ ဆောင်ရွက်ခဲ့ ရတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။