BBC navigation

အမေရိကန်အဖွဲ့ စီးပွားရေး ဖြေလျှော့ရေး လေ့လာ

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 15:32 GMT
Derek Mitchell

အမေရိကန် အဖွဲ့မှာ မိုက်ကယ် ပေါ့စနာ၊ အိုဘားမား အကြံပေး အဖွဲ့ဝင်တွေနဲ့ အမေရိကန် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ်တို့ ပါဝင်

ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနဲ့ အလုပ်သမား ရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ် အလုပ်သမား အရေး လုပ်ဆောင် သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

အမေရိကန် သမ္မတ အကြံပေး အဖွဲ့ဝင် တွေလည်း ပါဝင်တဲ့ ဒီအဖွဲ့ဟာ ဦးဂမ္ဘီရ ဘဝ ကနေ လူဝတ်လဲ ထားတဲ့ ကိုညီညီလွင်၊ ဂျာမဏီ ကနေ ပြန်လာပြီး ပြည်တွင်းမှာ လူမှုရေးနဲ့ နိုင်ငံရေး တွဲလုပ် နေတဲ့ ဦးသောပါက၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့က ကိုသူရိန်အောင် ၊ ကိုညီညီဇော် နဲ့ ကိုနော်အောင်တို့ အဖွဲ့ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးရဲ့ နေအိမ်မှာ တနင်္ဂနွေနေ့ မနက်က ခေါ်ယူ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပေါ် အမေရိကန်က စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားတာတွေ လျှော့ ပေးပြီး စီးပွားရေး လုပ်ငန်းရှင်တွေ ဝင်လာရင် ဖြစ်လာမယ့် အလား အလာနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့တယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားနေတဲ့ ကိုညီညီဇော်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန် ကနေ စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်မယ့် အရေးနဲ့ ပတ်သက်ပြီး ဦးဂမ္ဘီရတို့ အဖွဲ့ရဲ့ သဘောထားကို မေးတော့ တိုင်းရင်းသား နယ်မြေ တွေမှာ စစ်ပွဲတွေ ဖြစ်ပြီး ဒုက္ခသည်တွေ ရှိနေ တာတွေ၊ မတရား ဖမ်းဆီး ခံထား ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန် မလွတ်မြောက် သေးတာ အပါအဝင် နောက်ထပ် ဆန္ဒပြသူတွေကို ဖမ်းဆီး တရားစွဲ ဆိုတာတွေ၊ လယ်သမား အလုပ် သမား သမဂ္ဂတွေ လွတ်လွတ် လပ်လပ် ဖွဲ့ခွင့် မပေးတာတွေကို ရှင်းပြပြီး စီးပွားရေး ပိတ်ဆို့မှုကို တဖြေးဖြေးချင်းပဲ လျှော့ချ သင့်တဲ့ အကြောင်း အကြံပေးခဲ့ ကြတယ်လို့ ဆွေးနွေး ခဲ့သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။