BBC navigation

OIC ရုံးကိစ္စ နယ်စပ်ညွှန်ချုပ် စစ်တွေ လာရှင်း

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 00:58 GMT

OIC အဖွဲ့ အမှတ်တံဆိပ်

အိုအိုင်စီ ရုံး လာဖွင့်မယ့် ကိစ္စနဲ့ စစ်တွေမှာ ဆန္ဒပြ ကန့်ကွက်မူတွေ ရက်ဆက်ဆိုသလို ပေါ်ပေါက်ပြီးတဲ့ နောက် ပိုင်းမှာ အိုအိုင်စီနဲ့ ရုံးဖွင့်လှစ်ရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ချုပ်ဟာ စစ်တွေကို ရောက်ရှိလာပြီး ရခိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ နေပြည်တော် ကနေ စစ်တွေကို ရောက်ရှိလာပြီး ရခိုင်ခေါင်းဆောင် ၁၀ ဦးကို ပြည်နယ် နယ်စပ်ရေးရာ ရုံးသို့ ဖိတ်ခေါ်ကာ စစ်တွေမှာ အိုအိုင်စီ ရုံးဖွင့် ကိစ္စ အပေါ် ဆွေးနွေးသွားခဲ့ပါတယ်။

အခု ညွှန်ကြားရေးမှူးချုပ်ရဲ့ ခရီးစဉ်ဟာ ရခိုင်မှာ အိုအိုင်စီနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် လာရောက် လေ့လာ စုံစမ်းတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀ ဦးထဲမှာ ရခိုင်ပါတီက လွတ်တော် အမတ်တွေ အပြင် ဒေသ အန်ဂျီအို တစ်ခု ဖြစ်တဲ့ ဝန်လက် ဖေါင်ဒေးရှင်းက ကိုယ်စားလှယ် တချို့နဲ့ မြို့မိ မြို့ဖ တချို့လည်း တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ တာ၀န်ရှိသူတွေ အနေနဲ့ ခုလို ပြည်သူတွေရဲ့ လိုလား တောင်းဆိုတဲ့ အပေါ်မှာ တကူး တက လာရောက် ပြီး ဆွေးနွေး အဖြေရှာတာ ကတော့ ရခိုင်ဒေသမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။