BBC navigation

ကော့သောင်းမြို့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 17:04 GMT

စက်ရုံကထွက်တဲ့ မီးခိုတွေကြောင့် လူတွေဟာ မျက်စိတွေစပ်၊ ခေါင်းတွေ မူးဝေပြီး အသက်ရှု ကျပ် တာတွေ ခံစားနေရ

တနင်္သာရီတိုင်း ကော့သောင်းမြို့က ကျောက်မီး သွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖျက်သိမ်းပေးဖို့ ဒီမိုကရက်တစ် ပါတီနဲ့ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ အပြင် ဒေသခံ အင်အား တရာကျော်ဟာ အင်္ဂါနေ့ မနက်(၉) နာရီမှာ ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီကျောက်မီးသွေး စက်ရုံက ထွက်တဲ့ မီးခိုတွေကြောင့် ပတ်ဝန်းကျင်က လူတွေဟာ မျက်စိတွေစပ်၊ ခေါင်းတွေ မူးဝေပြီး အသက်ရှုကျပ် တာတွေ ခံစား နေရကာ၊ ပတ်ဝန်းကျင်ကို လည်း ထိခိုက်မှုတွေ ရှိကြောင်း ဒီမိုကရက် တစ်ပါတီ လုံခြုံရေး တာဝန်ခံ ကိုဇော်ထက်အောင်က ပြောပါတယ်။

ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်နဲ့ အေးရိပ်ငြိမ်း ရပ်ကွက်ကြား မှာရှိတဲ့ ဒီစက်ရုံကို ၂၀၁၀ ခုနှစ် က စတင် တည်ဆောက် ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လ(၅) ရက်နေ့ ကမှ စတင် လည်ပါတ် ခဲ့တာ ဖြစ်ပါတယ်။

စက်ရုံ စတည်ဆောက် ကတည်းက ဒေသခံတွေဟာ ကန့်ကွက်မှုတွေ လုပ်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။