BBC navigation

အမေရိကန် အဖွဲ့ မြန်မာနိုင်ငံက ပါတီတွေနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 17:37 GMT
Michael Posner

အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ မှာတော့ မေရိကန်အဖွဲ့ဟာ နေပြည်တော်မှာ အစိုးရ အရာရှိ တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာ နဲ့ အတူ အမေရိကန် နိုင်ငံရေးနဲ့ စစ်ဘက် ဆိုင်ရာ အရာရှိတွေ စုစုပေါင်း ၂၀ လောက် ပါတဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ တနင်္လာနေ့က နိုင်ငံရေး ပါတီ ၄ ခု အပါ အဝင် တိုင်းရင်းသား ပါတီ ၆ ခုက ကိုယ်စား လှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီမိုကရစ်တစ် ပါတီနဲ့ တွေ့ဆုံခဲ့ရာ မှာတော့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အလား အလာ၊ ကချင်ဒေသ ငြိမ်းချမ်းရေး ကိစ္စနဲ့ ရိုဟင်ဂျာ အပေါ် သဘော ထား စတဲ့ ကိစ္စရပ်တွေကို အမေရိကန် ကိုယ်စားလှယ် အဖွဲ့က မေးမြန်းကြောင်း ဒီမိုကရစ်တစ် ပါတီမှ ဦးသုဝေက ပြောပါတယ်။

နောက်ပြီး လက်ရှိ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့ ကိစ္စနဲ့ ပတ်သက် လို့လည်း မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်က ဆက်လက် ပါဝင်နေဦးမယ့် အခြေအနေတွေ ရှိနေ သေးတယ်လို့ ဦးသုဝေတို့ ဘက်က ဆွေးနွေးခဲ့ကြောင်း ကိုလည်း သူက ပြောပါတယ်။

နောက်ဆုံး အနေနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဘက်က မှတ်ချက်ပြု ဆွေးနွေး ရာမှာတော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲမှုတွေ အများကြီး တွေ့ရ ပေမယ့် လုပ်စရာတွေ အများကြီး ကျန်သေးတယ် လို့ ဆိုကြောင်း ဦးသုဝေက ပြောပါတယ်။

အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့ မှာတော့ မေရိကန် ကိုယ်စား လှယ်အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရ အရာရှိ တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီလို ဆွေးနွေး ရာမှာ လူ့ အခွင့်အရေး ကိစ္စ၊ နယ်ခြား ပြဿနာ၊ တရား ဥပဒေ စိုးမိုးရေး ၊ အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို ဆွေးနွေး သွားကြမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။